Sports

တရုတ်စူပါလိဂ်ကလပ် Hebei Fortune အသင်း PSG တိုက်စစ်မှူး လာဗက်ဇီကို (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရ

တရုတ်စူပါလိဂ်ကလပ် Hebei Fortune အသင်းသည် PSG အသင်းမှ အာဂျင်တီးနား တိုက်စစ်မှူး လာဗက်ဇီကို (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

လာမည့်မေလ၌ အသက် (၃၁) နှစ်ပြည့်မည့် လာဗက်ဇီသည် ရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး ယခုရာသီ၌ ပထမ ကစားသမားအဖြစ် ပွဲထွက်ခွင့် (၃)ပွဲသာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် PSG အသင်းနှင့် လမ်းခွဲရန် သေချာသလောက် ဖြစ်နေပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည် ဖြစ်သောကြောင့် ဥရောပ အသင်းများစွာက စိတ်ဝင်စားခဲ့ကြသည်။

လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အိမ်ရှင် မြန်မာအသင်းနှင့်အတူ စင်ကာပူ၊ ဗီယက်နမ်၊ ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇွန် ၃ ရက်မှ ၅ ရက်အထိ ကျင်းပရန်စီစဉ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အသင်းအတွက် ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို လာမည့် ဇွန် ၃ ရက်မှ ၅ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို အသင်းလေးသင်းဖြင့် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းနှင့်အတူ စင်ကာပူ လက်ရွေးစင်အသင်း၊ ဗီယက်နမ် လက်ရွေးစင်အသင်းနှင့် ဟောင်ကောင် လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ အချိန်အများဆုံး ရပ်တည်နိုင်ခဲ့တဲ့ နှစ်သင်း ထိပ်တိုက်ရင်ဆိုင်ရမယ်

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ပြိုင်ဆိုင်မှုက အလွန်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ထိပ်ဆုံးနေရာ အပြောင်းအလဲက မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့တဲ့ ပွဲစဉ်(၂၄)ပွဲ ကစားပြီးချိန်မှာ ဦးဆောင်သူ အပြောင်းအလဲ အကြိမ် ၂၀ အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ အမှတ်ပေးဇယားကို အချိန်အများဆုံး ဦးဆောင်နိုင်ခဲ့တဲ့အသင်းက မန်စီးတီးဖြစ်ပြီး ထိပ်ဆုံးနေရာမှာ ရက်ပေါင်း ၁၀၀ ရပ်တည်နိုင်ခဲ့ပါတယ်။ မန်စီးတီးရဲ့နောက်မှာတော့ လက်စတာအသင်း ရှိနေပြီး ဒီနေ့အထိဆိုရင် ထိပ်ဆုံးမှာ ရပ်တည်နိုင်တာ ၄၇ ရက် ရှိခဲ့ပါတယ်။ လက်စတာက လက်ရှိဦးဆောင်သူဖြစ်ပြီး မန်စီးတီးကလည်း ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီတစ်ပတ်မှာတော့ ဒီနှစ်သင်း မန်စီးတီးကွင်း အီတီဟတ်မှာ ထ

ဖေဖော်ဝါရီလ FIFA ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဘယ်လ်ဂျီယံ ဆက်လက်ဦးဆောင်ပြီး မြန်မာအသင်းမှာမူ အာရှအဆင့် (၂၇)၊ ကမ္ဘာ့အဆင့် (၁၅၃) တွင် ရပ်တည်

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာမှာ အသစ်ထုတ်ပြန်လိုက်သော ဖေဖော်ဝါရီလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းမှာ ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်ခဲ့ကြောင်း သိရသည်။

ဘယ်လ်ဂျီယံအသင်းသည် အဆင့် (၁) နေရာတွင် ရမှတ် (၁၄၉၄) မှတ်ဖြင့် ဒုတိယနေမှ အာဂျင်တီးနား ရမှတ် (၁၄၅၅) မှတ်ထက် (၃၉) မှတ်အသာရကာ အဆင့်(၁)နေရာတွင် ဆက်လက်ရပ်တည်နေခြင်း ဖြစ်သည်။

လက်စတာ၊ မန်စီးတီးး၊ မန်ယူတို့အသီးသီး နိုင်ပွဲရခဲ့သော်လည်း အာဆင်နယ်သရေသာရရှိခဲ့

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လက်စတာနဲ့ မန်စီးတီး၊ မန်ယူတို့ နိုင်ပွဲအသီးသီး ရခဲ့သော်လည်း အာဆင်နယ်ကတော့ သရေသာ ရရှိခဲ့ပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လက်စတာက လီဗာပူးလ်ကို အမှားအယွင်းမရှိ အကောင်းဆုံး ရင်ဆိုင်သွားခဲ့တာပါ။ လက်စတာအသင်းရဲ့ အနိုင်ဂိုး (၂) ဂိုးကိုတော့ ဗာဒီတစ်ဦးတည်းက သွင်းယူသွားခဲ့တာပါ။ ဒါ့အပြင် မန်ချက်စတာမြို့ခံ (၂) သင်းကလည်း နိုင်ပွဲတွေရခဲ့ပြီး အာဆင်နယ်ကတော့ သရေရလဒ်သာရရှိခဲ့လို့ အမှတ်ပေးဇယား အဆင့် (၄)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ရလဒ်များ
---------------------
ဝက်စ်ဟမ်း ၂-၀ အက်စတွန်ဗီလာ
လက်စတာ ၂-၀ လီဗာပူးလ်