Sports

၂၀၁၇ မလေးရှား ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ အားကစားအဖွဲ့များ ယခုနှစ်မကုန်မီ လေ့ကျင့်မည်ဖြစ်ပြီး အားကစားနည်း ၃၉ မျိုး ထည့်သွင်း ကျင်းပရန် စီစဉ်ထား

မြန်မာ အားကစားအဖွဲ့များသည် (၂၉) ကြိမ်မြောက် မလေးရှား ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် ယခုနှစ်မကုန်မီ စခန်းဝင် လေ့ကျင့်မှုများ စတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (၂၉)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် မလေးရှား နိုင်ငံသည် အားကစားနည်း ၃၉ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ထားပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း၌ ကျင်းပသွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အေဗရာမိုဗစ်ကို ရာထူးမှ ထုတ်ပယ်၍ ယူ-၁၉ နည်းပြ ဂတ်ဖရိုင်းဒရစ်အား ပြောင်းလဲခန့်အပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ် အေဗရာမိုဗစ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး ၎င်း၏နေရာတွင် ယူ-၁၉ နည်းပြ ဂတ်ဖရိုင်းဒရစ်အား ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရှိရသည်။

MFF သည် အေဗရာမိုဗစ်ကို လစာ(၃)လစာပေး၍ စာချုပ်ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးနည်းပြဖြစ်သူကိုလည်း လစာ(၂)စာပေး၍ စာချုပ်ဖျက်သိမ်းလိုက်ကြောင်း MFF ၀က်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြုကြေညာခဲ့သည်။

အထလေးတဲ့ လီဗာပူးလ် နည်းပြတွေရဲ့ လမ်းစဉ်ကနေ ယာဂန်ကလော့ပ် ဖောက်ထွက် လာနိုင်မလား ကြည့်ရမယ့် ရက်သတ္တပတ်

အစဉ်အလာအရတော့ လီဗာပူးလ်နည်းပြတွေက အထလေးလေ့ ရှိပါတယ်။ ဂျရတ်ဟူလီယာ နောက်ပိုင်းမှာ ဘင်နီတက်ဇ်၊ ရွိုင်းဟော့ဒ်ဆန်၊ ဒဲဂလစ်ရှ်၊ ဘရန်ဒန် ရော်ဂျာတို့ဟာ ပွဲဦးထွက် ပရီးမီးယားလိဂ်ပွဲတွေမှာ အနိုင်မရခဲ့ပါဘူး။ ဒါ့အပြင် ရွိုင်းအီဗန်စ်ကိုပါ ပေါင်းထည့်ပြီး လီဗာပူးလ် အသင်းရဲ့ နောက်ဆုံးနည်းပြ ခြောက်ဦးကို လေ့လာကြည့်ရင်လည်း အဖွင့်ငါးပွဲမှာ ကျေနပ်စရာ ရလဒ်ဖြစ်ခဲ့တာ ဒဲဂလစ်ရှ် တစ်ဦးပဲ ရှိပါတယ်။ လီဗာပူးလ် နည်းပြသစ် ယာဂန်ကလော့ပ်က အဖွင့်ငါးပွဲမှာ စပါး(အဝေး)၊ ဆောက်သမ်တန်(အိမ်)၊ ချယ်လ်ဆီး(အဝေး)၊ ပဲလေ့စ်(အိမ်)၊ မန်စီးတီး(အဝေး) တို့နဲ့ ကစားရမှာဖြစ်ပြီး ကျပ်တည်းတယ်လို့ ဆိုနိုင်ပါတယ်။ လမ်းဟောင်းတွေက ယာဂန်ကလော့ပ်ေ

မြန်မာအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ပထမဆုံးနိုင်ပွဲရရှိ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာ အသင်းနှင့် လာအိုအသင်းတို့ ယနေ့ ညနေပိုင်းက မြန်မာအသင်း၏ အိမ်ကွင်းပွဲစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆူပါချာလာဆိုင်းကွင်းတွင် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ယင်းနိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်း၏ ယခု ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပထမဆုံးနိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

FIFA အရေးပေါ် အစည်းအဝေးတွင် ဥက္ကဋ္ဌ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရေး ဆွေးနွေးမည် ရက်ပေါင်း ၉၀ ရာထူးမှ ရပ်ဆိုင်းခံရခြင်းအတွက် ဘလတ္တာနှင့် ပလာတီနီ အယူခံတင်သွင်း

အောက်တိုဘာ ၂၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ကျင်းပ မည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အမှုဆောင် ကော်မတီ အရေးပေါ် အစည်းအဝေးတွင် လာမည့် ဥက္ကဋ္ဌ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။