Sports

ဘာစီလိုနာအသင်း စပိန်ဘုရင့်ဖလား ချန်ပီယံဆုကို (၂၇) ကြိမ်မြောက် ဆွတ်ခူးရရှိ မက်ဆီ၊ ဆွာရက်ဇ်နှင့် နေမာ တိုက်စစ်အတွဲ သွင်းဂိုး ၁၂၀ ဖြင့် ဂိုးအများဆုံး စံချိန်တင်

၂၀၁၄-၂၀၁၅ ရာသီ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဖြစ် (မြန်မာစံတော်ချိန်) မေ ၃၁ ရက် နံနက်ပိုင်းက ဘာစီလိုနာနှင့် ဘီလ်ဘာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက တိုက်စစ်မှူး မက်ဆီ၊ နေမာတို့၏ သွင်းဂိုးများနှင့်အတူ (၃-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

လက်ကျန်တစ်ပွဲအလို၌ ပြင်သစ်လီဂူး-၁ ချန်ပီယံဆုကို PSG အသင်း ဆွတ်ခူး၊ ၂၀၁၃-၂၀၁၅ သုံးကြိမ်ဆက်တိုက် ရယူနိုင်ခဲ့ပြီး အသင်းသမိုင်း၌ ငါးကြိမ်မြောက် ရရှိခြင်းဖြစ်

ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသည် ပြင်သစ်လီဂူး-၁ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

စင်ကာပူ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့ မေ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၌ ခြေစမ်းမည်

ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်းနှင့် ထိုင်းအသင်းတို့သည် လာမည့် မေ ၁၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ခြေစမ်းကစားသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၃ အသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် မေ ၁၂ ရက်၌ ရန်ကုန်မြို့မှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။     

ပက်ကီယောင်းကို အမှတ်ဖြင့် အနိုင်ယူပြီး မေ၀ယ်သာ ၄၈ ပွဲဆက် ရှုံးပွဲမရှိစံချိန် ထိန်းသိမ်း WBA (စူပါ)နှင့် WBC ခါးပတ်များ ကာကွယ်နိုင်ခဲ့ပြီး WBO ခါးပတ်ကိုပါ ရယူနိုင်ခဲ့

ရာစုနှစ်၏ အကောင်းဆုံးလက်ဝှေ့ပွဲဟု သတ်မှတ်ခံထားရသည့် အမေရိကန် လက်ဝှေ့သမား ဖလွိုက်မေ၀ယ်သာနှင့် ဖိလစ်ပိုင် လက်ဝှေ့သမား ပက်ကီယောင်းတို့၏ ပွဲစဉ်ကို အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့ရှိ MGM Grand Garden Arena ၌ (မြန်မာစံတော်ချိန်) မေ ၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ မေ၀ယ်သာက အမှတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဘရိုင်ယန်ကို အမှတ်ဖြင့် အနိုင်ယူပြီး ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်များကို ကလစ်ရှ်ကို ကာကွယ်

WBA (စူပါ)၊ IBF၊ WBO နှင့် IBO ဟဲဗီးဝိတ်တန်း လက်ဝှေ့စိန်ခေါ်ပွဲကို ဧပြီ ၂၅ ရက်က အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့ရာ လက်ရှိချန်ပီယံ ယူကရိန်းလက်ဝှေ့သမား ၀လာဒီမာကလစ်ရှ်ကိုက စိန်ခေါ်သူ အိမ်ရှင်နိုင်ငံသား ဘရိုင်ယန်ဂျန်နင်းစ်ကို အမှတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံခါးပတ်များ ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။