Sports

US Open တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်နှင့် ဖက်ဒါရာ ဗိုလ်လုပွဲတက်ရောက်ပြီး အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်တွင် နိုင်ခြေနိမ့်ပြိုင်ဘက်ကို ဆရီနာဝီလျံ ရှုံးနိမ့်

ဂရင်းစလင်းတင်းနစ်ပွဲစဉ်တစ်ခုဖြစ်သည့် US Open တင်းနစ်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် ဆားဘီးယားနိုင်ငံသား၊ ကမ္ဘာ့အဆင့်(၁)တင်းနစ်သမား ဂျိုကိုဗစ်နှင့် တင်းနစ်သမိုင်းတွင် အအောင်မြင်ဆုံးကစားသမားရော်ဂျာဖက်ဒါရာတို့သည် ဗိုလ်လုပွဲသို့ အသီးသီးတက်ရောက်ခဲ့ကြသည်။

ဂျိုကိုဗစ်သည် ဆီမီးဖိုင်နယ်တွင် ခရိုအေးရှားမှ မာရင်စီလစ်ကို ၆-၀၊ ၆-၁၊ ၆-၂ ဖြင့် အလွယ်တကူအနိုင်ရရှိခဲ့ပြီး၊ ဖက်ဒါရာမှာလည်း အကောင်းဆုံးပုံစံရနေသည့် တစ်နိုင်ငံတည်းသား ဝေါ်ရင်ကာကို ၆-၄၊ ၆-၃၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ယခုလကုန်ပိုင်း၌ ပြင်ဆင်မည်

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်များအတွက် ယခုလကုန်ပိုင်းတွင် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေခြေစမ်းပွဲတွင် မြန်မာအသင်းနှင့် နယူးဇီလန်တို့ သရေကျ

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေခြေစမ်းပွဲများဖြစ်သည့် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များနှင့် လက်ရွေးစင်ဟောင်းများ ခြေစမ်းပွဲ၊ မြန်မာ့လက်ရွေးစင် အသင်းနှင့် နယူးဇီလန်လက်ရွေးစင် အသင်းတို့၏ ခြေစမ်းပွဲများကို စက်တင်ဘာ ၇ ရက်တွင် သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာအသင်းနှင့် နယူးဇီလန်ပွဲမတိုင်မီ ရုပ်ရှင်၊ ဂီတအနုပညာရှင်များနှင့် လက်ရွေးစင်ဟောင်းများ၏ ခြေစမ်းပွဲကို ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းနှင့် နယူးဇီလန် လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို ညနေ ၆ နာရီတွင် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့သည်။

စံချိန်တင်ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆီယံအသင်းများအနက်မှ မလေးရှားနည်းပြ နုတ်ထွက်ခဲ့ပြီး မြန်မာအသင်းနည်းပြချုပ် အေဗရာမိုဗစ်ကိုလည်း ထုတ်ပယ်ရန် တောင်းဆိုမှုများရှိနေ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ ပွဲစဉ် (၃) ၌ စံချိန်တင် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် အာဆီယံအသင်းများအနက်မှ မလေးရှားလက်ရွေးစင်အသင်းနည်းပြချုပ် ဒိုလာဘင်ဆာလာသည် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။ မလေးရှားအသင်းနည်းတူ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကိုလည်း ရာထူးမှထုတ်ပယ်ရန် တောင်း ဆိုမှုများရှိနေကြောင်း သိရသည်။

နယူးဇီလန်လက်ရွေးစင်အသင်း မြန်မာလူငယ်ကစားသမားများအား လေ့ကျင့်မှုများ ပြုလုပ်ပေး

မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် ရန်ကုန်မြို့သို့ရောက်ရှိနေသည့် နယူးဇီလန်လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၅ ရက်က အား/ကာသိပ္ပံ (ရန်ကုန်) သို့ သွားရောက်ကာ မြန်မာလူငယ်ဘောလုံးသမားများကို ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးခဲ့ကြောင်း သိရသည်။ နယူးဇီလန်လက်ရွေးစင် အသင်းခေါင်းဆောင် ၀င်စတန်ရိဒ် ဦးဆောင်သည့် နယူးဇီလန်လက်ရွေးစင် ကစားသမားများမှာ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ တစ်နာရီကြာ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။