Sports

ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းပေါ်က အသင်းတွေနဲ့ တန်းဆင်းဇုန်ထဲက အသင်းတွေ ထိပ်တိုက်တွေ့တဲ့ ရက်သတ္တပတ်

ဒီတစ်ပတ်မှာ FA ဖလား ကွာတားဖိုင်နယ်ပွဲတွေ ရှိနေလို့ ပရီးမီးယားလိဂ် ငါးပွဲကိုသာ ယှဉ်ပြိုင် ကစားသွားမှာပါ။ ပွဲအရေအတွက် လျော့နည်းသွားပေမယ့် စိတ်ဝင်စားစရာပွဲတွေတော့ ရှိနေပါတယ်။ ချန်ပီယံပြေးလမ်းပေါ်မှာရှိတဲ့ လေးသင်းထဲက လက်စတာ၊ စပါး၊ မန်စီးတီးတို့ရဲ့ ပွဲစဉ်တွေ ပါဝင်နေပြီး သူတို့က တန်းဆင်းဇုန်ထဲမှာ သေရေးရှင်ရေးအတွက် ရုန်းကန်နေရတဲ့ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ နောဝစ်ခ်ျတို့နဲ့ ကစားရမှာပါ။ အင်အားချင်း၊ စုဖွဲ့မှုချင်း ကွာခြားပေမယ့် တစ်ခါတစ်ရံမှာ အသက်လု ကစားရတဲ့အသင်းတွေရဲ့ ညှစ်အားက ပိုအလုပ်ဖြစ်တတ်ပါတယ်။ ဒါကို လက်ရှိ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လက်စတာအသင်းက ပြီးခဲ့တဲ့ရာသီမှာ သက်သေပြခဲ့ဖူးပါတယ်။ ဒီတစ်ပတ် အမှတ်လုပွ

နယူးကာဆယ် နည်းပြသစ်အဖြစ် ရေပန်းစားနေသည့် ဘင်နီတက်ဇ် ခန့်အပ်ခံရ

နယူးကာဆယ် အသင်းသည် နည်းပြမက္ကလာရင်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ရီးယဲလ်နည်းပြဟောင်း ဘင်နီတက်ဇ်အား နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။
နယူးကာဆယ် အသင်းသည် ဘင်နီတက်ဇ်ကို (၃)နှစ် စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဘင်နီတက်ဇ်အနေဖြင့် ပရီးမီးယားလိဂ် လက်ကျန် (၁၀) ပွဲ အလိုတွင် နယူးကာဆယ် အသင်းအား တန်းမဆင်းရအောင် စွမ်းဆောင်ရမည် ဖြစ်သည်။

ဒေါ့မွန်၊ လီဗာပူးလ်တို့ရဲ့ ဂိုးပြတ်နိုင်ပွဲတွေနဲ့ အိမ်ရှင်တွေ ရလဒ်ကောင်းခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့

ဥရောပအဆင့်မှာ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့တဲ့ အင်္ဂလန်ဒါဘီပွဲက ပွဲချိန် အစောပိုင်းမှာပဲ ပယ်နယ်တီပြစ်ဒဏ် ရင်ဆိုင်ရခြင်းနဲ့အတူ ပရိသတ်တွေကို စိတ်လှုပ်ရှား စေခဲ့ပါတယ်။ ယာဂန်ကလော့ပ်က စတာရစ်ခ်ျကို တိုက်စစ်မြားဦးမှာ ထားကာ ဖေမီနိုကို နောက်ချန်တိုက်စစ်အဖြစ် ကစားစေခဲ့ပြီး မန်ယူနည်းပြ ဗန်ဟားလ်ကတော့ မာရှယ်လ်ကို အထောင်ထားပြီး ဒီပိုင်း၊ မာတာ၊ ရပ်ရှ်ဖို့ဒ် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ယူရိုပါလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် (ပထမအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လီဗာပူးလ် နှင့် မန်ယူ - 11 March 2016 (2:35 AM)

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူရိုပါလိဂ်မှာဗိုလ်စွဲဖို့ အသေအချာပြင်ဆင်နေတယ်။ ဒါပေမဲ့ မန်ယူနဲ့ နောက်ဆုံးတွေ့ဆုံမှု (၅)ပွဲဆက် အရေးနိမ့်ထားခဲ့ပြီး ကလော့ပ်လက်အောက်မှာ အိမ်ကွင်းရလဒ်ပိုင်း အကောင်း ဆုံး မဖြစ်သေးတာကို လီဗာပူးလ် ပြင်ဆင်နိုင်ဖို့လိုမယ်။ မန်ယူက ဒဏ်ရာပြဿနာတွေကြားမှာ ရလဒ်မဆိုးပေမယ့် ဒီတစ်ပွဲတော့ သိပ်မျှော်လင့်ထားလို့မရဘူး။ လီဗာပူးလ် အနိမ့်ဆုံးသရေပါပဲ။

ဒေါ့မွန် နှင့် စပါး - 11 March 2016 (12:30 AM)

အမှားအယွင်းမရှိ အိမ်ကွင်းနိုင်ပွဲတွေနဲ့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ရီးယဲလ်နဲ့ ၀ုလ်ဖ်ဘတ်

ချန်ပီယံလိဂ် (၁၆) သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ ပထမနေ့ပွဲစဉ်တွေမှာတော့ ပထမအကျော့ အဝေးကွင်းပွဲစဉ်တွေမှာ အနိုင်ကစားထားတဲ့ စပိန်လာလီဂါ ထိပ်သီးရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဂျာမန်ကလပ် ၀ုလ်ဖ်ဘတ်အသင်းတို့က အိမ်ကွင်းပွဲစဉ်တွေမှာ ထပ်မံအနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ပထမအကျော့က ရလဒ်အတိုင်းအိမ်ကွင်းမှာ (၂-၀)ဂိုးဖြင့် ထပ်မံအနိုင်ယူကာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ရိးယဲလ်အသင်းဟာ ရိုးမားအသင်းရဲ့ မထင်မှတ်တဲ့ တုန့်ပြန်မှုတွေကြောင့် ပထမပိုင်းပွဲကစားချိန်တွေမှာ ခက်ခဲစွာ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ရိုးမားအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဂျက်ကို၊ ဆာလာ နဲ့ အယ်လ်ရှာရဝ