Sports

ချန်ပီယံလိဂ် အုပ်စုအဖွင့် ဒုတိယနေ့ပွဲစဉ်တွင် ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်နှင့် လေဗာကူဆင်တို့ ဂိုးပြတ်အနိုင်ရ၊ အာဆင်နယ်ရှုံးပွဲတွေ့ခဲ့ပြီး ရိုးမားနှင့် ဘာစီလိုနာအသင်းတို့ သရေကျခဲ့

ချန်ပီယံလိဂ်အုပ်စုအဖွင့် ဒုတိယနေ့ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပရီးမီးယားလိဂ်တွင် ရလဒ်မကောင်းသဖြင့် ဖိအားများအောက် ရောက်ရှိနေ သည့် နည်းပြ မော်ရင်ဟို၏ ချယ်လ်ဆီးအသင်းက အိမ်ကွင်းတွင် မက္ကာဘီတဲလ်အဗစ်အသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။ ချယ်လ်ဆီးကွင်းလယ်လူ ဟာဇက် ပယ်နယ်တီမ၀င်ခဲ့သော်လည်း

၂၀၁၆ ရီယိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယ အဆင့်ခြေစစ်ပွဲ အုပ်စု ဒုတိယပွဲတွင် ထိုင်းအသင်းကို မြန်မာရှုံးနိမ့်

၂၀၁၆ ရီယိုအိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ
အုပ်စုဒုတိယပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပွဲစဉ်တွင် တရုတ်(တိုင်ပေ)အသင်းက ဂျော်ဒန်အသင်းကို (၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး
ဒုတိယပွဲစဉ်တွင်မူ အိမ်ရှင်မြန်မာအသင်းက ထိုင်းအသင်းကို (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ထိုင်းအသင်းကို ပထမပိုင်းတွင် ဖိကစားနိုင်ခဲ့ပြီး (၂၇)မိနစ်တွင် ဂိုးဧရိယာထိပ်မှ ရီရီဦးကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးတိုင်အပေါ်က ကျော်သွားခဲ့သဖြင့် ကံဆိုးခဲ့ရသည်။

မန်ချက်စတာ(၂)သင်း အရှုံးနဲ့စဖွင့်ခဲ့ရတဲ့ ချန်ပီယံလိဂ်

စက်တင်ဘာ(၁၅)ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲ စဉ်များတွင် မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့် မန်စီးတီးနှင့် မန်ယူအသင်း တို့မှာ ကံကြမ္မာတူ ဦးဆောင်ဂိုးသွင်းပြီးမှ ချေပဂိုးနှင့် အနိုင်ဂိုးများပြန်ပေးရ ကာ အသီးသီးအရေးနိမ့်ခဲ့ရသည်။

ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်းအဖြစ် ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး အမေရိကန် ရပ်ဘီကလပ် ဒါးလက်ကောင်းဘွိုင်စ် ရပ်တည်

နာမည်ကြီး အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes မှ နောက်ဆုံးထုတ်ပြန်ခဲ့သည့်  စစ်တမ်းတွင် အမေရိကန်ရပ်ဘီလိဂ် (NFL) ပြိုင်ပွဲဝင် ဒါးလက်ကောင်းဘွိုင်စ်အသင်းက  ရီးယဲလ်မက်ဒရစ်အသင်းကို ကျော်ဖြတ်ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

မကွေးနှင့် ရတနာပုံပွဲတွင် ရတနာပုံ ကစားသမားအား ကွင်းလယ်ဒိုင်က မှားယွင်းစွာ ထုတ်ပယ်ကြောင်း ယူဆသဖြင့် ယင်းပြစ်ဒဏ်အတွက် ရတနာပုံအသင်း အယူခံဝင်မည်

          မကွေးနှင့် ရတနာပုံအသင်းတို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်က MNL ပွဲစဉ် (၁၇) အဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏအား ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ ယင်းပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး ဦးသန့်ဇင်ဦးသည် ပွဲကစားချိန် ၈၄ မိနစ်တွင် ရတနာပုံ နောက်ခံလူ မွန်ကာလူး (နိုင်ဂျီးရီးယား) အား အ၀ါကတ်တစ်ကြိမ် ပြသပြီးနောက် အနီကတ် ထပ်မံပြသကာ မှားယွင်းစွာ ထုတ်ပယ်ခဲ့ကြောင်း ရတနာပုံအသင်းက ယူဆခဲ့သည်။