Sports

၁၉၅၅ နောက်ပိုင်း မန်စီးတီးကွင်းမှာ သုံးပွဲဆက် မရှုံးတဲ့ အစဉ်အလာနဲ့ အဂွဲရိုးရဲ့ ဂိုးသွင်းခြေစွမ်းကို မန်ယူ ထိန်းနိုင်မလား

မန်ချက်စတာဒါဘီ နောက်ပိုင်းပွဲစဉ်တွေမှာ မန်စီးတီးက သိသိသာသာ အသာရနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲတွေ့ဆုံမှုမှာ မန်စီးတီး လေးပွဲအထိ အနိုင်ရပြီး မန်ယူက တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။ အိမ်ကွင်း အီတီဟတ်မှာ နောက်ဆုံး နှစ်ပွဲဆက် မန်စီးတီး အနိုင်ရထားပြီး မန်ယူကို အိမ်ကွင်းမှာ ၁၉၅၅ နောက်ပိုင်း သုံးပွဲဆက် မနိုင်ခဲ့တဲ့ အစဉ်အလာကို ချိုးဖြတ်ဖို့ ဒီပွဲမှာ ကြိုးပမ်းမှာပါ။ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကလည်း မန်ချက်စတာဒါဘီပွဲတွေမှာ ခုနစ်ဂိုးအထိ သွင်းယူထားသလို၊ အီတီဟတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲမှာလည်း ၁၁ ဂိုးအထိ သွင်းယူခဲ့ပါ တယ်။ ၁၉၅၅ နောက်ပိုင်း မန်စီးတီးကို သုံးပွဲဆက် မရှုံးတဲ့အစဉ်အလာ

MMA ပြိုင်ပွဲတွင် အောင်လအန်ဆန် ပထမအချီ၌ အနိုင်ရရှိ

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင် ကျင်းပရာ မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန်က ပြိုင်ဘက် အီဂျစ်ကစားသမား မိုဟာမက်အလီကို ပထမအချီတွင် အလဲထိုးအနိုင်ရရှိခဲ့ကြောင်း သိရသည်။
 
ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၀ ပွဲ ကျင်းပခဲံ့ပြီး မြန်မာအားကစားပရိသတ် အများအပြား လာရောက် အားပေးခဲ့သည်။ မြန်မာ ပရိသတ်များမှာ အောင်လအန်ဆန်ကို တစ်ခဲနက် အားပေးခဲ့ကြပြီး အောင်လအန်ဆန်မှာ ပထမအချီမှာပင် အစွမ်းပြပြီး ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ၂၃ ဦးကို မတ် ၁၉ ရက် ရွေးချယ်မည်

မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ရန်အတွက် အပြီးသတ် ကစားသမား ၂၃ ဦးကို လာမည့် မတ် ၁၉ ရက်တွင် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် ယင်းခြေစစ်ပွဲ ယှဉ်ပြိုင်ရန်အတွက် ပဏာမကစားသမား ၂၅ ဦး ရွေးချယ်ထားပြီး နှစ်ဦးလျှော့ချ သွားမည်ဖြစ်သည်။

အောင်လအန်ဆန် ပါဝင်ယှဉ်ပြိုင်မည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ ယနေ့ ညနေ ၆ နာရီခွဲ စတင်ကျင်းပမည်

မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန် ပါဝင်ယှဉ်ပြိုင် ထိုးသတ်မည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို မတ် ၁၈ ရက် (ယနေ့) ညနေ ၆ နာရီခွဲတွင် အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် အောင်လအန်ဆန်နှင့် အီဂျစ်နိုင်ငံသား မိုဟာမက်အလီတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အခြားတွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်သည်။

ယူရိုပါလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် လီဗာပူးလ်
---------------------
လီဗာပူးလ်က FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကြောင့် ကြားထဲမှာပွဲမရှိဘဲ နားရက်ပိုရထားတယ်။ ပထမအကျော့ (၂-၀)ရလဒ်ကလည်း လီဗာပူးလ်အတွက် နောက်တစ်ဆင့်တက်ဖို့ အာမခံချက်ရှိနေပါတယ်။ ဒါကြောင့် သိပ်အရဲစွန့်ကစားမယ့် ပုံတော့ မရှိပါဘူး။ ကွင်းလယ်ခံစစ်မှာ (၃)ယောက်အထိ ထားကစားသွားနိုင်တယ်။ မန်ယူကတော့ ဖောင်ဖျက်ကစားရလိမ့်မယ်။ ကွာတားတက်ဖို့မလွယ်တော့ပေ မယ့် မန်ယူ အိမ်ကွင်းမှာတော့ အနိမ့်ဆုံး သရေပါပဲ။