Sports

အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုပထမဖြင့် ကွာတားဖိုင်နယ် တက်ရောက်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် ၂၀၁၇ အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘော်လီဘောပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ ပွဲစဉ်များကို မတ် ၃၀ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရာ အိမ်ရှင် မြန်မာအသင်း အုပ်စုပထမရရှိကာ နောက်တစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးနေ့ပွဲစဉ်များတွင် အိမ်ရှင် မြန်မာအသင်းက သြစတြေးလျအသင်းကို (၃-၁) ပွဲဖြင့် အနိုင်ရကာ အုပ်စုပထမနေရာ ရရှိခဲ့ခြင်း ဖြစ်သည်။

အပြောင်းအရွှေ့ ပိတ်ပင်သည့် ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေဆောင်ရမည့် အခြေအနေနှင့် လီဗာပူးလ် ရင်ဆိုင်နေရ

လီဗာပူးလ်အသင်းသည် အပြောင်းအရွှေ့ ပိတ်ပင်သည့် ပြစ်ဒဏ်နှင့်အတူ ဒဏ်ကြေးငွေ ပေးဆောင်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ 
 
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ် အသင်းတစ်သင်းဖြစ်သည့် စတုတ်စီးတီးအသင်းထံမှ လူငယ်ကစားသမား တစ်ဦးကို လျှို့ဝှက်ဆက်သွယ်ခြင်းကြောင့် ယင်းအခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
 

မြန်မာယှဉ်ပြိုင်မည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် (၅)သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုပွဲစဉ်များ ထွက်ပေါ်

မြန်မာ ယူ-၁၈ အသင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၇ ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲကို အသင်း(၅)သင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ 
 
ယင်းပြိုင်ပွဲကို အိမ်ရှင် ဗီယက်နမ်(၂) သင်း၊ မြန်မာ၊ တောင်ကိုရီးယားနှင့် တရုတ် (တိုင်ပေ)တို့မှ တစ်သင်းစီ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စုစုပေါင်း(၅)သင်းဖြင့် ပတ်လည် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 
 

အိန္ဒိယအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက် ရှိနေဆဲဖြစ်ကြောင်း နည်းပြဂတ်ဖရိုင်းဒရစ် ပြောကြား

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ၂၀၁၉ အာရှဖလားခြေစစ်ပွဲ ပထမပွဲတွင် အိန္ဒိယအသင်းကို အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့သော်လည်း ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စု (က) တွင် ပါဝင်နေပြီး ပထမနေ့ ပွဲစဉ်များ အပြီးတွင် အိန္ဒိယနှင့် ကာဂျစ္စတန်အသင်းတို့က နိုင်ပွဲများရရှိကာ ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

၂၀၁၆-၁၇ ဘောလုံးရာသီ ၀င်ငွေအကောင်းဆုံး ဘောလုံးသမားအဖြစ် ရီးယဲလ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို ထိပ်ဆုံးတွင်ရပ်တည်

ရီးယဲလ်မက်ဒရစ်နှင့် ပေါ်တူဂီ လက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၂၀၁၆-၁၇ ဘောလုံးရာသီ ၀င်ငွေအကောင်းဆုံး ဘောလုံးသမားအဖြစ် ရပ်တည်နိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲရာသီ မပြီးဆုံးသေးသော်လည်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ခန့်မှန်းတွက်ချက်ခဲ့ခြင်းဖြစ်ပြီး မတ် ၂၈ ရက်က တရားဝင်ထုတ်ပြန်ခဲ့သည်။