Sports

လက်စတာနည်းပြရာထူးကို ငြင်းပယ်ခဲ့ဟု ဂူဟစ်ဒင့် ဖွင့်ဟ

ဒတ်ခ်ျဝါရင့်နည်းပြ ဂူဟစ်ဒင့်က ရာနီရေးရီ ထုတ်ပယ်ခံရပြီးနောက် လက်စတာနည်းပြရာထူး အတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
 
''ဒီသတင်းတွေက မှန်ကန်ပါတယ်။ လက်စတာအသင်းနဲ့ တိုက်ရိုက်တော့ မပြောဆိုခဲ့ပါဘူး။ ဒါပေမဲ့ အခြေအနေက ဘယ်လိုရှိခဲ့သလဲဆိုတာ အားလုံးသိပြီးသားပါ။ လက်စတာအသင်းက ကြားခံကတစ်ဆင့် ဆက်သွယ်ခဲ့ပေမယ့် ကျွန်တော် ငြင်းပယ်ခဲ့ပါတယ်'' ဟု ဂူဟစ်ဒင့်က Sunday Times သို့ပြောကြားခဲ့သည်။
 

၂၀၁၈ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ ပထမပွဲအဖြစ် မြန်မာနှင့် အီရန် ယနေ့ ယှဉ်ပြိုင်ကစားမည်၊ ခြေစစ်ပွဲအောင်မြင်ရန် ပွဲတိုင်းမှာ အရေးပါသည်ဟု မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ပြောကြား

၂၀၁၈ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲ အုပ်စု (ဃ) ပွဲစဉ်များကို ဧပြီ ၃ ရက် (ယနေ့) စတင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ပထမပွဲအဖြစ် အီရန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

First Eleven Sports Journal ၏ ၂၀၁၆ ခုနှစ် မြန်မာ့အကောင်းဆုံး ဘောလုံးသမား ဆုချီးမြှင့်ပွဲ ကျင်းပ

First Eleven Sports Journal မှ ချီးမြှင့်သည့် ၂၀၁၆ ခုနှစ် မြန်မာ့အကောင်းဆုံး ဘောလုံးသမားဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက Eleven Media Group ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားကို ဆုရကစားသမားများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ CEO ဦးဘုန်းနိုင်ဇော်၊ ဆုရသည့် ကစားသမားများ၏ အသင်းများဖြစ်သည့် ရန်ကုန် နှင့် ရတနာပုံတို့မှ တာဝန်ရှိသူများနှင့် Eleven Media Group တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ဆွမ်ဆီး - မစ်ဒယ်ဘရော့ (၂-၄-၂၀၁၇ ည ၇း၀၀)

ဆွမ်ဆီးအသင်းရဲ့ လက်ရှိခြေစွမ်းက အကောင်းဆုံး အနေအထားကနေ ပြန်ကျလာတယ်။ မစ်ဒယ်ဘရော့ကတော့ နည်းပြနဲ့ လမ်းခွဲလိုက်ရတဲ့ အခြေအနေတောင် ရောက်နေပြီး၊ မန်ယူနဲ့ ပွဲမှာလည်း တော်တော်အားနည်းခဲ့တာကို တွေ့ရတယ်။ ဒီပွဲက သရေကျသွားနိုင်ပါတယ်။

ပွဲကြိုအချက်အလက်

ဒိုင်လူကြီး - မက်ဒလေ (ပွဲ-၂၂၊ အ၀ါ-၉၀၊ နှစ်ဝါတစ်နီ-၁၊ တိုက်ရိုက်အနီ-၀)

■မစ်ဒယ်ဘရော့အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၁၃) ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေသလို အဝေးကွင်းနောက်ဆုံး (၇)ပွဲမှ (၆)ပွဲတွင်လည်း ဂိုးပေါက်ပျောက်ခဲ့သည်။

■ လာမည့်ရာသီမှ စတင်၍ ဗြိတိန်စံတော်ချိန် နံနက် (၉း၃၀) နာရီတွင် ပရီးမီးယားလိဂ်ပွဲစဉ်များ ကျင်းပရန် စီစဉ်

လာမည့်ရာသီမှ စတင်၍ ပရီးမီးယားလိဂ်ပွဲစဉ်များကို ဗြိတိန်စံတော်ချိန် နံနက် (၉း၃၀) နာရီတွင် ကျင်းပသွားရန် ပြိုင်ပွဲတာဝန်ရှိသူများက စီစဉ်ထားသည်။ အမေရိက၊ သြစတြေးလျနှင့် အာရှတိုက်ရှိ ပရီးမီးယားလိဂ် ပရိသတ်များအတွက် ရည်ရွယ်၍ ယင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်တွင်းပရိသတ်များ အနေဖြင့် ရုပ်သံမှ တိုက်ရိုက်ကြည့်ရှုခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။ ဗြိတိန်စံတော်ချိန် နံနက် (၉း၃၀) နာရီတွင် ကစားမည့် ပထမဆုံးပွဲစဉ်အဖြစ် လန်ဒန်မြို့ခံနှစ်သင်း၏ လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲကို သတ်မှတ်သွားရန် ပရီးမီးယားလိဂ်ပြိုင်ပွဲ တာဝန်ရှိသူများက စိတ်ကူးနေသည်။ လန်ဒန်မြေအောက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှာ နံနက် (၅) နာရီဝန်း