Sports

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

■ အက်သလက်တီကို - ရီးယဲလ်မက်ဒရစ် (၁၁-၅-၂၀၁၇ နံနက် ၁း၁၅)

■ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

■ ဂျူဗင်တပ်စ် နှင့် မိုနာကို (မြန်မာစံတော်ချိန် မေ ၁၀ ရက် နံနက် ၁း၁၅ နာရီ)

ပွဲကြိုသုံးသပ်ချက်

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထုတ်ပြန် အိမ်ရှင်မြန်မာအသင်း အဖွင့်ပွဲအဖြစ် စက်တင်ဘာ ၅ ရက်တွင် အင်ဒိုနီးရှားနှင့် ယှဉ်ပြိုင်ကစားရမည်

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၇ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) သည် ပွဲစဉ်များ ရေးဆွဲထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပွဲကစားမည့်အချိန်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

၁၉ နှစ်အတွင်း တန်းတက်ပြီးနောက် ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရသည့် ပထမဆုံးအသင်းအဖြစ် လိုက်ပ်ဇစ် မှတ်တမ်းဝင်

ယခုရာသီတွင် ဘွန်ဒစ်လီဂါသို့ တန်းတက်လာသည့် လိုက်ပ်ဇစ်အသင်းသည် မေ ၆ ရက်က ကစားခဲ့သည့်ပွဲတွင် ဟာသာဘာလင် အသင်းကို အဝေးကွင်း၌ (၁-၄) ဂိုးဖြင့် အနိုင်ရရှိပြီးနောက် လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ တိုက်ရိုက်ဝင်ခွင့်ရရန် သေချာသွားပြီဖြစ်ကြောင်း သိရသည်။

အာရှဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်ဆုရရှိ

၂၀၁၇ အာရှဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့ကို မေ ၆ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရုံ၌ ကျင်းပရာ အိမ်ရှင်မြန်မာအသင်း ရွှေတံဆိပ် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ဒုတိယနေ့တွင် Event-2 ပြိုင်ပွဲ ကျင်းပခဲ့ပြီး ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ တွေ့ဆုံရာ မြန်မာ (က) အသင်းက ၂၄၆-၂၂၃ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ကြေးတံဆိပ်ဆုကိုမူ မလေးရှားအသင်းက ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲနောက်ဆုံးနေ့ကို မေ ၇ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်သည်။