Sports

FA ဖလား တတိယအဆင့်တွင် ရုပ်သံ အကူဒိုင်စနစ် စမ်းသပ်မည်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က လာမည့်ရာသီ FA ဖလားပြိုင်ပွဲ တတိယအဆင့်တွင် ရုပ်သံ အကူဒိုင်လူကြီးစနစ် (VARs) စမ်းသပ် အသုံးပြုရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

မန်ယူ နှင့် ဘုန်းမောက် (စနေည ၇း၀၀ နာရီ)

ပထမအကျော့ရလဒ် > ဘုန်းမောက် ၁ - ၃ မန်ယူ

လီဗာပူးလ်နဲ့ အာဆင်နယ် ထိပ်တိုက်ဆုံတွေ့တဲ့အချိန်မှာ မန်ယူက ဒီပွဲကို အနိုင်ကစားရင် အဆင့် (၅) နေရာကို သေချာပေါက် တက်လာလိ့မ်မယ်။ အသင်းက ခြေမှန်နေချိန်၊ ယုံကြည်မှု မြင့်တက်နေချိန်။ ဒီလိုအခွင့်အရေးကို လက်လွှတ်ခံမယ် မထင်ဘူး။ မန်ယူ သေချာပေါက်နိုင်မယ်။

လက်စတာ နှင့် ဟားလ်စီးတီး (စနေည ၉း၃၀ နာရီ)

ပထမအကျော့ရလဒ် > ဟားလ်စီးတီး ၂ - ၁ လက်စတာ

ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် တူးတူးတို့ ပြိုင်ဘက်များကို အသီးသီးအနိုင်ရရှိ

မြန်မာ့လက်ခမောင်းကုမ္ပဏီမှ စီစဉ် ကျင်းပသည့် ပထမအကြိမ် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ်ပြိုင်ပွဲ (World Lethwei Championship: The Great Beginning) ကို မတ် ၃ ရက်က မင်္ဂလာဒုံဂါးဒင်းစီးတီးတွင် ကျင်းပခဲ့ရာ မြန်မာလက်ဝှေ့ကျော်များဖြစ်သည့် ထွန်းထွန်းမင်းနှင့် တူးတူးတို့က ပြိုင်ဘက်များကို အသီးသီး အနိုင်ရရှိခဲ့ကြသည်။
 

အကယ်ဒမီသုံးခုအတွက် လူငယ်ကစားသမား ၂၀၀ အား မြို့နယ် ၅၀ ကျော်၌ MFF ရွေးချယ်မည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် အကယ်ဒမီသုံးခုအတွက် လူငယ်ကစားသမား ၂၀၀ အား မြို့နယ် ၅၀ ကျော်၌ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ MFF သည် မကြာမီက ဖွင့်လှစ်ခဲ့သည့် အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) အပါအ၀င် မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး) နှင့် (ပုသိမ်) တို့၌ တက်ရောက်ရန် လူငယ်ကစားသမားများ ရွေးချယ်မည်ဖြစ်သည်။

တရုတ်စူပါလိဂ်မှ တစ်နှစ်လစာငွေ ပေါင်သန်း (၃၀) ဖြင့် ကမ်းလှမ်းမှုကို အာစင်ဝင်းဂါး ပယ်ချခဲ့

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် တရုတ်စူပါလိဂ်ကလပ် အသင်းတစ်သင်း၏ တစ်နှစ်လစာငွေ ပေါင်သန်း(၃၀)ဖြင့် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။