Sports

ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ ဂိုးသွင်းစံချိန်များကို Goal.com ဖော်ပြ

နာမည်ကြီးဘောလုံးဝက်ဘ်ဆိုက် Goal.com က ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ ကစားသမားသက်တမ်းတစ်လျှောက် သွင်းဂိုးစံချိန်များကို ဖော်ပြခဲ့သည်။ စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်အပတ်က ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်တွင် ဥရောပကလပ် အသင်းပြိုင်ပွဲ သွင်းဂိုး (၁၀၀) ပြည့်မြောက်သည့် ပထမဆုံး ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ် သွင်းဂိုးအများဆုံးအဖြစ်လည်း (၉၇) ဂိုး (ဘိုင်ယန်နှင့် ဒုတိယအကျော့မတိုင်မီ) သွင်းယူထားကာ မဟာပြိုင်ဘက် မက်ဆီထက် သုံးဂိုးအသာရထားသည်။

■ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ဘာစီလိုနာ - ဂျူဗင်တပ်စ် (၂၀-၄-၂၀၁၇ နံနက် ၁း၁၅)

ဂျူဗင်တပ်စ်နှင့် ကစားရမည့် ဘာစီလိုနာအသင်းတွင် ဒဏ်ရာရသူများနေ ၎င်းကို မက်ဆီနှင့် နှိုင်းယှဉ်ခြင်းမပြုရန် ဒီဘားလား တောင်းဆို

ဘာစီလိုနာအသင်းသည် ဧပြီ ၁၉ ရက် (ယနေ့) တွင် ဂျူဗင်တပ်စ်နှင့် ရင်ဆိုင်ကစားရမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွက် ကစားသမားအများအပြား ဒဏ်ရာရရှိနေသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဒေါ့မွန်အသင်း၏ ကားတိုက်ခိုက်ခံရမှုအတွက် တတိယမြောက် သံသယဖြစ်ဖွယ်စာကို စစ်ဆေး

ဂျာမနီအစိုးရ ရှေ့နေများသည် ဒေါ့မွန်အသင်း၏ ဘတ်စ်ကား ဗုံးခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တတိယမြောက် သံသယဖြစ်ဖွယ်စာကို စစ်ဆေးမှုပြုလုပ်နေကြောင်း ဧပြီ ၁၅ ရက်တွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဧပြီ ၁၁ ရက်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဒေါ့မွန်အသင်း၏ အိမ်ကွင်း၌ မိုနာကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း ဒေါ့မွန်ကစားသမားများ လိုက်ပါလာသည့် ဘတ်စ်ကားသည် ဟိုတယ်မှ ကွင်းသို့သွားရာလမ်း၌ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသည်။

AFC Cup ပြိုင်ပွဲအဖြစ် ဟုမ်းယူနိုက်တက် - ရတနာပုံ၊ မကွေး - ဂလိုဘယ် ယှဉ်ပြိုင်ရမည်

၂၀၁၇ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ် (၅) ကို ဧပြီ ၁၈၊ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဟုမ်းယူနိုက်တက်-ရတနာပုံ၊ မကွေး - ဂလိုဘယ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့်ပွဲမှာ မြန်မာကလပ်အသင်းများအတွက် အရေးပါလျက်ရှိပြီး စင်ကာပူကလပ် ဟုမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းတို့ပွဲတွင် အနိုင်ရသည့်အသင်းမှာ အုပ်စုပွဲစဉ် အားလုံးမပြီးဆုံးမီ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။