Sports

လက်ရှိ အခြေအနေကို ပြောင်းလဲပစ်နိုင်အောင် တိုက်ပွဲဝင်လျက်ရှိကြောင်း မန်ယူအသင်း၏ လက်ထောက်နည်းပြ ရူအီဖာရီယာ ပြောကြား

မန်ယူအသင်း၏ လက်ထောက်နည်းပြ ရူအီဖာရီယာက အသင်း၏ လက်ရှိ အခြေအနေကို ပြောင်းလဲပစ်နိုင်အောင် တိုက်ပွဲဝင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အိမ်ကွင်း၌ ၀က်စ်ဟမ်းအသင်းနှင့် (၁-၁)ဂိုး သရေကျခဲ့ပြီး ယင်းပွဲတွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို ပေါက်ကွဲခဲ့သည့် မန်ယူနည်းပြ မော်ရင်ဟိုမှာ ထုတ်ပယ်ခံခဲ့ရသည်။

မော်ရင်ဟိုသည် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့ခြင်း မရှိဘဲ သူ၏ လက်ထောက်နည်းပြ ရူအီဖာရီယာကသာ တက်ရောက်ခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ၀က်ဖို့ဒ်နှင့် စတုတ်စီးတီး (တနင်္ဂနွေည ၆း၃၀ နာရီ)

လီဗာပူးလ်ကို ဂိုးပြတ်ရှုံးခဲ့တာကလွဲရင် ၀က်ဖို့ဒ်ရဲ့ ကစားပုံက အမှားအယွင်း မရှိပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာလည်း လက်စတာကို အနိုင်ကစားခဲ့တယ်။ စတုတ်စီးတီးက ရလဒ်တွေ ဆက်တိုက်ကောင်းနေပေမယ့် နောက်ဆုံးနှစ်ပွဲမှာ ရလဒ်ဆိုးခဲ့တယ်။ ၀က်ဖို့ဒ်ကိုပဲ ကြိုက်တယ်။

■ အာဆင်နယ် နှင့် ဘုန်းမောက် (တနင်္ဂနွေည ၈း၄၅ နာရီ)

မြန်မာအသင်း မလေးရှားကို အနိုင်ယူပြီး ဆူဇူကီးပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ၁၂ နှစ်အကြာတွင် တစ်ကျော့ပြန် တက်ရောက်

၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ ပွဲစဉ်များကို နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီက သုဝဏ္ဏကွင်းနှင့် ၀ဏ္ဏသိဒ္ဓိကွင်း၌ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားရာ အိမ်ရှင်မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း နိုင်ပွဲရယူပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဒုတိယအကြိမ် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ၂၀၀၄ ပြိုင်ပွဲနောက်ပိုင်း ၁၂ နှစ် အကြာမှ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆူဇူကီးပြိုင်ပွဲ ဆီမီးတက်ရေး အဆုံးအဖြတ်ပွဲအဖြစ် မြန်မာနှင့် မလေးရှား ယနေ့ ယှဉ်ပြိုင်ကစားမည်

၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ပွဲစဉ်များကို နိုဝင်ဘာ ၂၆ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ရေး အဆုံးအဖြတ်ပွဲအဖြစ် အိမ်ရှင်မြန်မာအသင်းနှင့် မလေးရှားအသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းသည် ဂိုးကွာခြားချက်တွင် အသာရထားသောကြောင့် မလေးရှားအသင်းနှင့် နောက်ဆုံးပွဲတွင် သရေတစ်မှတ် ရရှိရုံဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် တစ်သင်းတည်း ကျန်ရစ်တဲ့ စပါး စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကာလရှည်နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်မလား

ပရီးမီးယားလိဂ် ပွဲစဉ်-၁၃ ရောက်ရှိလာချိန်အထိ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် တစ်သင်းတည်း ကြံ့ကြံ့ခံ ရပ်တည်နေတာက စပါးအသင်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ စပါးအသင်းဟာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ကစားရမှာပါ။ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ခြောက်ပွဲဆက် အနိုင်ရခဲ့သလို၊ အဲဒီခြောက်ပွဲမှာ ပွဲတိုင်း Clean Sheet ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းလာပါတယ်။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချယ်လ်ဆီးနဲ့ စပါး အသင်းတို့ ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲ၂၀ မှာ ချယ်လ်ဆီး တစ်ပွဲမှ မရှုံးခဲ့တာကြောင့် လက်ရှိ ခြေစွမ်းပိုင်းဖြစ်စေ၊ အစဉ်အလာပိုင်းဖြစ်စေ စပါးကို ချယ်လ်ဆီးက အသာရနေပါတယ်။ ရှုံးပွဲမရှိသေးေ