Sports

ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များနှင့် ဖိုင်နယ်ပွဲစဉ်များတွင် အဝေးဂိုးစည်းမျဉ်းစနစ် ကျင့်သုံးမည်

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် လက်ရှိ ကျင်းပနေသည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များနှင့် ဖိုင်နယ်ပွဲစဉ်များတွင် အဝေးဂိုးစည်းမျဉ်းစနစ် ကျင့်သုံးမည် ဖြစ်ကြောင်း သိရသည်။ AFF သည် ဆူဇူကီးဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး နှစ်ကျော့ပေါင်း ဂိုးရလဒ် တူညီနေပါက အဝေးကွင်းတွင် ဂိုးသွင်းယူနိုင်သည့် အသင်းက နောက်တစ်ဆင့် တက်ရောက်နိုင်မည် ဖြစ်သည်။

ယူကရိန်းမှ ချာနိုဘိုင်း နျူကလီးယား စက်ရုံ၏ ဧရာမ အမိုးခုံးသစ်ကြီးကို ဖွင့်လှစ်

ဥရောပ တစ်လွှားရှိ အနာဂတ်မျိုးဆက်သစ်များ၏ လုံခြုံရေးအတွက် ယူကရိန်းနိုင်ငံမှ ချာနိုဘိုင်း နျူကလီးယားစွမ်းအင် စက်ရုံကြီး အပေါ်တွင် ဖုံးအုပ်ပြီးစီးသွားသည့် ရွှေ့ပြောင်း၍ရသော ကမ္ဘာ့အကြီးဆုံး သတ္တုအမိုးခုံးကြီးကို နိုဝင်ဘာ ၂၉ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။ ၁၀၈ မီတာ (၃၅၅ ပေ)မြင့်ပြီး တန်ချိန် ၃၆၀၀၀ ရှိသည့် ထိုဧရာမ အမိုးခုံးကြီးသည် နယူးယောက်မှ လေဘာတီရုပ်တုထက် ပိုမြင့်ပြီး ပါရီမှ အီဖယ်မျှော်စင်ထက် သုံးဆ ပိုလေးသည်။

ဘရာဇီးလ်ကလပ်အသင်းသားများ သယ်ဆောင်လာသည့် စင်းလုံးငှားလေယာဉ် ကိုလံဘီယာတွင်ပျက်ကျ

ဘရာဇီးလ်ကလပ် ချာပီကိုအန်ဆီအသင်းမှ ကစားသမားများကို တင်ဆောင်လာသည့် စင်လုံးငှားလေယာဉ်သည် ကိုလံဘီယာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မယ်ဒယ်လင်မြို့အနီးအနားတွင် ဒေသ စံတော်ချိန် နိုဝင်ဘာ(၂၉)ရက် ညဥ့်နက်သန်းခေါင်(ဂရင်းနစ် စံတော်ချိန် နိုဝင်ဘာ ၃၀ ရက် နံနက် ၅ နာရီ)၌ ပျက်ကျသွားခဲ့ကြောင်း သိရသည်။

ပွဲကြိုသုံးသပ်ချက်များ

■ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ လီဗာပူးလ် နှင့် လိဒ်စ် (နိုဝင်ဘာ ၃၀ မြန်မာစံတော်ချိန်နံနက် ၂း၁၅)

လီဗာပူးလ်အသင်းက နည်းပြ ယာဂန်ကလော့ပ် လက်ထက်မှာ ပရီးမီးယားလိဂ်နဲ့ ဖလားပွဲတွေကြား ဟန်ချက်ညီညီ သွားနေနိုင်တယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေ ကောင်းနေလို့ ယာဂန်ကလော့ပ်အနေနဲ့ လိဂ်ဖလားမှာ အဓိက ကစားသမားတွေကို အနားပေးသွားဖို့ ရှိပါတယ်။ လိဒ်စ်ကတော့ အန်ဖီးလ်မှာ ရှိသမျှအားနဲ့ ခံကန်ပါလိမ့်မယ်။ လီဗာပူးလ် (၃) ဂိုးပြတ်ဖို့ မလွယ်လို့ လိဒ်စ်ကိုပဲ ကြိုက်တယ်။

မြန်မာအသင်းမှာ အသင်းကောင်းဖြစ်ပြီး ငယ်ရွယ်သည့် ကစားသမားများဖြင့် စုဖွဲ့ထားသောကြောင့် လျင်မြန်မှုဦးစားပေး ကစားသည်ကို သိရှိထားကြောင်း ထိုင်းအသင်းနည်းပြ ကိုင်တီဆတ် ပြောကြား

မြန်မာနှင့် ထိုင်းအသင်းတို့သည် ၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် လာမည့်ဒီဇင်ဘာ ၄ ရက်နှင့် ၈ ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် လာမည့်ဒီဇင်ဘာ ၄ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထိုင်းအသင်းနည်းပြဖြစ်သူ ကိုင်တီဆတ်က မြန်မာအသင်းမှာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ငယ်ရွယ်သည့် ကစားသမားများဖြင့် စုဖွဲ့ထားသောကြောင့် လျင်မြန်မှုဦးစားပေးကစားသည်ကို သိရှိထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။