Sports

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ဦးကြည်လွင်အား ခန့်အပ်ရန် MFF စီစဉ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ်အဖြစ် ဦးကြည်လွင်အား ခန့်အပ်ရန် စီစဉ်နေကြောင်း သိရသည်။ ဦးကြည်လွင်သည် ပြီးခဲ့သည့် (၂၈)ကြိမ်မြောက် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၂၃ အသင်းကို ငွေတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်သည်။
 

ဆီးဂိမ်းစ်ဗိုလ်လုပွဲလက်မှတ် ဈေးမြှင့်ရောင်းချခဲ့ခြင်းအတွက် ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ကော်မတီက စုံစမ်းလျက်ရှိ

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီသည် ပြီးခဲ့သည့် (၂၈) ကြိမ်မြောက် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ လက်မှတ်များကို ဈေးမြှင့်ရောင်းချ ခဲ့ခြင်းအတွက် စုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာကို ခေါ်ယူလိုပါက ရာမို့စ်ကို ပြန်လည်ခေါ်ယူခွင့်ပြုရန် ရီးယဲလ်အသင်းအား မန်ယူ တောင်းဆို

ရီးယဲလ်အသင်းအနေဖြင့် မိမိအသင်း မှ စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာကို ခေါ်ယူလိုပါက နောက်ခံလူ ရာမို့စ်ကို ပြန်လည်ခေါ်ယူခွင့်ပြုရန်  မန်ယူအသင်းက တောင်းဆိုထားကြောင်း ဗြိတိန်ထုတ် The Guardian နှင့် Daily Mail သတင်းစာတို့က ဖော်ပြခဲ့ကြသည်။
 

(၂၈) ကြိမ်မြောက် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်က ကျင်းပ၊ ထိုင်းအသင်း နိုင်ငံအလိုက် ပထမရရှိပြီး မြန်မာအသင်း အဆင့်ခုနစ်နေရာသာ ရပ်တည်နိုင်ခဲ့

စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၈) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။