Sports

နိုင်ငံတကာပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် MFF ငွေကြေး ပိုမိုသုံးစွဲရမည်

၂၀၁၇ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း၊ အမျိုးသမီးအသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများမှာ နိုင်ငံတကာ ပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ငွေကြေး ပိုမိုသုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၂၀) ပွဲကြိုသုံးသပ်ချက်

■ ဘုန်းမောက် နှင့် အာဆင်နယ် (ဇန်န၀ါရီ ၄ မြန်မာစံတော်ချိန် နံနက် ၂း၁၅)

ပြီးခဲ့တဲ့ ရာသီထိပ်တိုက် တွေ့ဆုံမှုမှာ အာဆင်နယ်အသင်းက ဘုန်းမောက်ကို အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ အနိုင်ရခဲ့တယ်။ ဒီရာသီ အာဆင်နယ်ကွင်းမှာ ဆုံတွေ့ခဲ့တုန်းကလည်း အာဆင်နယ်ပဲ အနိုင်ရခဲ့တယ်။ အာဆင်နယ်အတွက် ဘုန်းမောက်က အခက်အခဲ မရှိပါဘူး။ အထူးသဖြင့် ဘုန်းမောက်လို အသင်းတွေဟာ အာဆင်နယ် စိတ်ကြိုက်ကစားလို့ရတဲ့ ပြိုင်ဘက်အသင်းမျိုးလို့တောင် ပြောလို့ရတယ်။ ကစားကွက်အားပြုပြီး ကြံ့ခိုင်မှု အားနည်းတဲ့ အသင်းမျိုးလို့ ဆိုရမှာဖြစ်ပြီး အာဆင်နယ်အတွက် အခက်အခဲ မရှိပါဘူး။

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

■ မစ်ဒယ်ဘရော့ နှင့် လက်စတာ (ည ၇း၀၀)

ခြေပျက်နေတဲ့ အသင်းနှစ်သင်း ဆုံတွေ့တဲ့ပွဲလို့ ပြောလို့ရတယ်။ မစ်ဒယ်ဘရော့က စုစည်းမှုကို အဓိကထား ကစားတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ စုစည်းမှုအပိုင်းမှာပဲ အားနည်းချက်တွေ ရှိနေတယ်။ လက်စတာကလည်း ခံစစ်ညံ့၊ တိုက်စစ်က အလုပ်မဖြစ်နဲ့ အဆင်မပြေဘူး။ မစ်ဒယ်ဘရော့ကွင်းမှာ နိုင်လောက်တဲ့ အနေအထား မရှိဘူး။ သရေကျဖို့များတယ်။

■ အဲဗာတန် နှင့် ဆောက်သမ်တန် (ည ၉း၃၀)

ဘွန်ဒစ်လီဂါ နည်းပြဟောင်းတွေ ထိပ်တိုက်တွေ့မှုမှာ အန်ဖီးလ်ကွင်း အစဉ်အလာဆိုးကနေ မန်စီးတီး ဖောက်ထွက်နိုင်မလား

အမှတ်ပေးဇယားကို ဦးဆောင်သူ ချယ်လ်ဆီးအသင်း နောက်ထပ် ကြပ်မကွာလိုက်ဖို့ ကြိုးစားနေတဲ့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ဟာ ဒီတစ်ပတ်မှာ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ ဘွန်ဒစ်လီဂါမှာ ထိပ်တန်းနည်းပြတွေ ဖြစ်ခဲ့တဲ့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်နဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ နယ်မြေသစ်မှာ ပထမဆုံး လက်ရည်စမ်းကြမှာ ဖြစ်ပါတယ်။ နှစ်သင်းထိပ်တိုက် တွေ့ဆုံမှု အစဉ်အလာအရတော့ အန်ဖီးလ်ကွင်းမှာ မန်စီးတီး ရုန်းကန်ရတဲ့ အစဉ်အလာဆိုးတစ်ရပ် ရှိနေပါတယ်။ ၁၉၅၆ ခုနှစ်နောက်ပိုင်း နှစ် ၆၀ အတွင်း အန်ဖီးလ်ကွင်း တွေ့ဆုံမှုတွေမှာ မန်စီးတီး နှစ်ပွဲသာ အနိုင်ရခဲ့တယ်။ အန်ဖီးလ်မှာ မန်စီးတီး နောက်ဆုံး အနိုင်ရတာ ၂၀၀၃ ကဖြစ်ပြီး အဲဒီနော

၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်အဖြစ် မက်ဆီကို ရွေးချယ်

နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းအင်းပြုစုရေးအဖွဲ့ (IFFHS)က ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်အဖြစ် ရွေးချယ်လိုက်ကြောင်း သိရှ