Sports

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့၏ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ယနေ့ ကျင်းပမည်

မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်ထိုးသတ်မည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ဇန်န၀ါရီ ၁၄ ရက် (ယနေ့) ညပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့၏ပွဲမှာ Main Event အဖြစ် ကျင်းပမည်ဖြစ်ပြီး အခြားတွဲဆိုင်းရှစ်ပွဲ ထည့်သွင်းကျင်းပမည် ဖြစ်သည်။

UFC ချန်ပီယံ မက်ဂရီဂေါ်အား ဒေါ်လာ ၁၅ သန်းဖြင့် ထိုးသတ်ရန် ကမ်းလှမ်းထားဟု မေ၀ယ်သာ ဆို

လက်ဝှေ့ကစားသမားဘ၀မှ အနားယူသွားပြီဖြစ်သည့် နာမည်ကြီး အမေရိကန်ကစားသမား ဖလွိုက်မေ၀ယ်သာက ဘက်စုံ ကိုယ်ခံပညာသုံး UFC ချန်ပီယံ မက်ဂရီဂေါ်အား မိမိနှင့်ထိုးသတ်ရန် ဒေါ်လာ ၁၅ သန်းဖြင့် ကမ်းလှမ်းထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

စတမ်းဖို့ဒ်ဘရစ်ခ်ျအား ပရိသတ် ၆၀၀၀၀ ဆံ့ကွင်းအဖြစ် ပြင်ဆင်ရန် ချယ်လ်ဆီးအသင်း ခွင့်ပြုချက်ရ

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ထိပ်ဆုံးနေရာတွင် ဦးဆောင်နေသည့် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်းဖြစ်သည့် စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းအား ပရိသတ် ၆၀၀၀၀ ဆံ့ကွင်း အဖြစ် တိုးချဲ့ပြင်ဆင်ရန် ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဂျပန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ကာဇူ အသက်(၅၀)ကျော်အထိ ဘောလုံးဆက်ကစားမည်

ဂျပန်ဝါရင့်တိုက်စစ်မှူး ကာဇူသည် ဂျေလိဂ်-၂ကလပ် ယိုကိုဟားမားFCအသင်းနှင့် စာချုပ်သက်တမ်းတိုးပြီးနောက် အသက်(၅၀)ကျော်အရွယ်အထိ ပရော်ဖက်ရှင်နယ်ဘောလုံးလောကအတွင်း ဆက်လက်ရှိနေမည်ဖြစ်သည်။

အမည်အပြည့်အစုံ ''ကာဇူယိုရှီမီအူရာ'' ဟုခေါ်တွင်သည့် ကာဇူမှာ လာမည့် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် (၅၀)နှစ်ပြည့်မည်ဖြစ်ကြောင်း သိရသည်။ ကာဇူမှာ ဂျပန်ပြည်တွင်းလိဂ်တွင် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် ပြီးခဲ့သည့်ရာသီက (၄၉)နှစ်ဖြင့် စံချိန်တင်ထားခဲ့သည်။

၂၀၁၆ ရာသီအတွင်း အမှတ်ပေးပွဲ(၂၀)ပွဲကစားကာ (၂)ဂိုး သွင်းယူခဲ့ပြီး ပွဲအများစုမှာ ဒုတိယပိုင်းတွင် လူစားဝင်ကစားရခြင်းဖြစ်သည်။