Sports

မြန်မာ ယူ၂၂ နှင့် မလေးရှား ယူ၂၂ အသင်းတို့ ဇူလိုင်(၁၃)ရက်နေ့တွင် ခြေစမ်းမည်

မြန်မာ့ လက်ရွေးစင် ယူ ၂၂ အသင်းသည် ၂၀၁၇ ခုနှစ် မလေးရှား ဆီးဂိမ်းစ် ပြိုင်ပွဲအကြို ပြင်ဆင်မှု အနေဖြင့် မလေးရှားယူ ၂၂ အသင်းနှင့် လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ခြေစမ်းပွဲကစားမည် ဖြစ်ကြောင်းသိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဖွဲ့စည်းထားသော မြန်မာ့ လက်ရွေးစင် ယူ၂၂ အသင်းတွင် လူငယ်ကစားသမားများအပြင် လက်ရွေးစင် အသင်းကြီးမှ အသက်မီသည့် လူငယ်ကစားသမား များကို ဖြည့်ဆည်း၍ ဖွဲ့စည်းသွားရန် စီစဉ်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဂတ်ဆီဇီမှ တာဝန်ယူသွားမည် ဖြစ်သည်။

၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာနှင့် အာဆီယံနိုင်ငံများ၌ ကျင်းပခွင့်ရရန် ကြိုးပမ်းမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် အာဆီယံနိုင်ငံအချို့နှင့်ပူးပေါင်း၍ လူငယ်ကမ္ဘာ့ ဖလားပြိုင်ပွဲများအား ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ နောက်ပိုင်း လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရန် မြန်မာနှင့် အာဆီယံနိုင်ငံများ ကြိုးပမ်းမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် အာဆီယံနိုင်ငံအချို့နှင့် ပူးပေါင်း၍ လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကျင်းပခွင့်ရရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဂျက်စ်နှင့် မန်ယူအသင်းတို့ ရင်ဆိုင်ရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ယနေ့တွင် ယှဉ်ပြိုင်ကစားမည်

၂၀၁၆-၁၇ ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် နယ်သာလန်ကလပ် အေဂျက်စ်အသင်းနှင့် ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းတို့ မေ ၂၄ ရက် (ယနေ့) ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ ပရိသတ် ၅၀,၆၅၃ ဦးဆံ့ Friends Arena ကွင်း၌ ကျင်းပမည်ဖြစ်သည်။

မန်ချက်စတာမြို့အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့သူများအတွက် မန်ယူအသင်း လေ့ကျင့်ရေးကွင်းတွင် တစ်မိနစ်ကြာ ငြိမ်သက်

မန်ချက်စတာမြို့အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့သူများအတွက် မန်ယူအသင်း လေ့ကျင့်ရေးကွင်းတွင် တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့ညက အမေရိကန်အဆိုတော် Ariana Grande ၏ ဂီတဖျော်ဖြေပွဲတွင် အကြမ်းဖက်တစ်ဦးက ဗုံးဖောက်ခွဲခဲ့ရာ လူပုဂ္ဂိုလ် ၂၂ ဦး သေဆုံးပြီး ၁၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် ပြင်ဆင်လေ့ကျင့်နေသည့် မန်ယူအသင်းသည် ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးသွားသူများအတွက် ၀မ်းနည်းကြောင်း ပြသသည့်အနေဖြင့် လေ့ကျင့်ရေးကွင်းတွင် တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ခြင်း ဖြစ်သည်။