Politics

ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေကို ယခင်ကာလများကဲ့သို့ ကျပ် ၁၅ သိန်းပေးရန် အစီအစဉ် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပြောကြား

ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေ ယခင်ကာလများကဲ့သို့ ကျပ် ၁၅ သိန်းပေးရန် အစီအစဉ် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင်က ပြောကြားသည်။

ဇူလိုင် ၇ ရက်က ပြည်သူ့လွှတ်တော်တွင် ရမ်းဗြဲ မဲဆန္ဒနယ်မှ ဦးကျော်ရွှေက ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေ ယခင်ကာလများကဲ့သို့ ကျပ် ၁၅ သိန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့အတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းမှ ရရှိလာမည့် ရလဒ်များကို အစိုးရ၊ တပ်မတော်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အတွင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် အပါအ၀င် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းအား ဇူလိုင် ၂၀ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ထိုမှ ရရှိလာမည့် ရလဒ်များအား အစိုးရ၊ တပ်မတော်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

ကော်မတီနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဥပဒေကြမ်း တင်သွင်းရာတွင် ဥပဒေကြမ်းကို စတင်ရေးဆွဲသည့်အချိန်မှစ၍ ကော်မတီအား ညှိနှိုင်းအစည်းအဝေးများသို့ ဖိတ်ကြားသင့်ကြောင်း လွှတ်တော်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အစီရင်ခံစာတင်သွင်း

ကော်မတီနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဥပဒေကြမ်းတင်သွင်းရာတွင် ဥပဒေကြမ်းကို စတင်ရေးဆွဲသည့်အချိန်မှစ၍ ကော်မတီအား ညှိနှိုင်းအစည်းအဝေးများသို့ ဖိတ်ကြားသင့်ကြောင်း ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီက ဇူလိုင် ၇ ရက်တွင် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းသည်။
    

စွပ်စွဲခံရသူအား အာမခံပေးရန်နှင့် နစ်နာသူ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စား လွှဲအပ်ခြင်းခံရသူက ဖြစ်စေ တိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူ ဆောင်ရွက်ခြင်းမပြုရန် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) တွင် ဖော်ပြထား

စွပ်စွဲခံရသူအား အာမခံပေးရန်နှင့် နစ်နာသူ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စား လွှဲအပ်ခြင်း ခံရသူကဖြစ်စေ တိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်း မပြုရန်ဟု ပြင်ဆင်ချက် ပါဝင်သော ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)တွင် ဖော်ပြထားသည်။

(၅၅) နှစ်မြောက် 7 July အောက်မေ့ဖွယ် အခမ်းအနား ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မြက်ခင်းပြင်တွင် ပြုလုပ်

(၅၅) နှစ်မြောက် 7 July အောက်မေ့ဖွယ် အခမ်းအနားကို ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက် နံနက်က သမဂ္ဂအဆောက်အအုံ တည်ရှိခဲ့ရာ မြက်ခင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။