Politics

စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး အစည်းအဝေးများ ပြုလုပ်သည့်အခါ လွှတ်တော်ကိုယ်စားလှယ်များကို အထူးဖိတ်ကြားပြီး ဆွေးနွေးအကြံပြုချက်များ ရယူဆောင်ရွက်မည်

စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေး အစည်းအဝေးများ ပြုလုပ်သည့်အခါ လွှတ်တော်ကိုယ်စားလှယ်များကို အထူးဖိတ်ကြားပြီး ဆွေးနွေးအကြံပြုချက်များကို ရယူဆောင်ရွက်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြည်သူ့လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။

ပါတီ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ သုံးပွင့်ဆိုင် မကြာခဏ တွေ့ဆုံကြရန် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် မှာကြားခဲ့

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် NLD ပါတီအဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် ပါတီ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ မကြာခဏတွေ့ ဆုံကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံပွဲကို တောင်ကြီးမြို့ Royal Taunggyi Hotel တွင် မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရှမ်းပြည်နယ်တွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် (ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး) များ၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး တက်ရောက်ခဲ့ကြပြီး ပါတီတွင်း မိသားစုတွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအား ၀န်းရံသွားမည်ဟု Mon Youth Forum (MYF) ကြေညာချက်ထုတ်ပြန်

ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအား ၀န်းရံသွားမည်ဟု Mon Youth Forum (MYF)က မတ် ၁၁ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအား မေလဆန်းတွင် ပြုလုပ်ရန် လျာထား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအား မေလဆန်းတွင် ပြုလုပ်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးက လျာထားဆွေးနွေးကြောင်း သတင်းရရှိသည်။

ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ အစည်းအဝေးအပြီးတွင် လုပ်ငန်းကော်မတီများမှ ဆောင်ရွက်ချက်များကို သုံးသပ်ရန်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာကိစ္စ၊ ညီလာခံကျင်းပရေးကိစ္စများနှင့် ပတ်သက်၍ UPDJC ၏ အတွင်းရေးမှူးများသည် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် မတ် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးရိုးဗီဇ (DNA) စစ်ဆေးချက်ကို သက်သေခံအက်ဥပဒေ၊ အခြား တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံးသို့ သက်သေခံအဖြစ် တင်ပြလာပါက လက်ခံဆောင်ရွက်မည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ပြောကြား

မျိုးရိုးဗီဇ (DNA) စစ်ဆေးချက်ကို သက်သေခံအက်ဥပဒေ၊ အခြားတည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံးသို့ သက်သေခံအဖြစ် တင်ပြလာပါက လက်ခံဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ပြောကြားသည်။