Politics

အာဏာရှင်အစိုးရ လက်ထက်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေး ရမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြောကြား

အာဏာရှင်အစိုးရ လက်ထက်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေး ရမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မတ် ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မီဒီယာများအား ပြောကြားသည်။

စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိ၍ လတ်တလော ရပ်ဆိုင်းထားသင့်သည်ဟု တင်ပြထားသည့် စီမံကိန်း ၄၄ ခုအနက် ၁၁ ခု ၀န်ကြီးဌာနမှ တာဝန်ခံ၍ ဆက်လက်လုပ်ကိုင်ရန် ခွင့်ပြုခဲ့ပြီး ကျန်လုပ်ငန်း စီမံကိန်းများကို လတ်တလော ရပ်ဆိုင်းထားရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိ၍ လတ်တလော ရပ်ဆိုင်းထားသင့်သည်ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြထားသည့် စီမံကိန်း ၄၄ ခုအနက် ၁၁ ခု ၀န်ကြီးဌာနမှ တာဝန်ခံ၍ ဆက်လက်လုပ်ကိုင်ရန် ခွင့်ပြုခဲ့ပြီး ကျန်လုပ်ငန်း စီမံကိန်းများကို လတ်တလော ရပ်ဆိုင်းထားရန် ပြည်ထောင်စုလွှတ်တော်က မတ် ၁၅ ရက်တွင် အတည်ပြုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် အခွန်အခ တိမ်းရှောင်မှုသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သည့် အလားအလာများအပေါ် သမ္မတ ဦးထင်ကျော်နှင့် စင်ကာပူနိုင်ငံ ဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်ထောင်တို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး မစ္စတာဂိုချောက်ထောင်တို့ တွေ့ဆုံ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် အခွန်အခ တိမ်းရှောင်မှုများသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သည့် အလားအလာများအပေါ် ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအရေးနှင့် ပတ်သက်၍ ယန်ဟီးလီ၏ စွပ်စွဲပြောကြားချက်များကို မြန်မာအစိုးရ ပယ်ချ

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီ၏ စွပ်စွဲပြောကြားချက်များကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးထင်လင်းက ပယ်ချခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသည့် တံတားအမည်အား ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ဖြင့် ဂုဏ်ပြုသတ်မှတ်မည်ကို ကန့်ကွက်မှုများ ရှိနေသော်လည်း ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြု

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသည့် တံတားအမည်အား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့် အဆိုကို မတ် ၁၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့သည်။

၎င်းအဆိုကို ပေါင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၁၂ ဦးက ထောက်ခံဆွေးနွေးခဲ့သည်။