Opinions

လျှပ်စစ်မီး အပြည့်အ၀မရတဲ့ ဒုက္ခ

မြန်မာနိုင်ငံတွင် နေထိုင်ကြသူများ အများစု၊ ရာခိုင်နှုန်း ၇၀ ဟာ ကျေးလက်နေ ပြည်သူများ ဖြစ်ကြပြီးတော့ ကျေးလက်တွင် နေထိုင်ကြသူ အများအပြားဟာလည်း လျှပ်စစ်မီးကို ရရှိခြင်း မရှိသေးကြောင်း နိုင်ငံတကာအဖွဲ့အစည်း အသီးသီးက ထုတ်ပြန်တဲ့ စစ်တမ်းများအရ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်ရှိပြီး ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းအထိ အိမ်ထောင်စု ၁၀ သန်းကျော်ရှိတဲ့အနက်မှာ ၆ ဒသမ ၈၆ သန်း (၆၃ ရာခိုင်နှုန်း) ဟာ လျှပ်စစ်မီး မရရှိသေးပါဘူး။ ၄ ဒသမ ၀၃ သန်း (၃၇ ရာခိုင်နှုန်း) သာ လျှပ်စစ်မီး ရရှိသေးတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီစာရင်းဇယား အချက်အလက်တွေအရ မြန်မာနိုင်ငံ

ခေတ်သစ် တရုတ်ပိုးလမ်းမကြီး၏ ရထားလမ်းများ၊ ပင်လယ်ဆိပ်ကမ်းများနှင့် ကုန်ထုတ်ဥယျာဉ်များ

အာရှမှ ဥရောပနှင့် အာဖရိကကို ဆက်သွယ်ပေးသည့် ရှေးဟောင်း ကုန်သွယ်ရေး လမ်းကြောင်းများကို ပြန်လည်အသက်သွင်းရန် ရည်မှန်းချက်ကြီးမားလှသော အစီအစဉ်များကို ချပြသည့် ပိုးလမ်းမ ထိပ်သီးဆွေးနွေးပွဲ အား မေ ၁၄ ရက်တွင် တရုတ်က ဖွင့်လှစ်ခဲ့သည်။ အမေရိကန်က “အမေရိက ပထမ” မူဝါဒများဖြင့် အတွင်းသို့ ပြန်လျှိုဝင်သွားချိန်တွင် တရုတ်က ရှေးဟောင်းပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်းများကို ပြန်လည်အသက်သွင်းလျက် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်သစ်ကို ဦးဆောင်ရန် ကြိုးပမ်းမှုဖြစ်သည်။

အိမ်ဝယ်ဖို့ အလှမ်းဝေးနေဆဲ အခြေခံပြည်သူတွေ

ရန်ကုန်မြို့၏ လူဦးရေမှာ ၁၉၆၀ ပြည့်နှစ်ကတစ်သန်း၊ ၁၉၇၀ တွင်လူဦးရေနှစ်သန်း၊ ၁၉၉၀ တွင်လူဦးရေသုံးသန်း၊ ၂၀၀၀ ပြည့်နှစ်တွင် လူဦးရေလေးသန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် လူဦးရေ ၅ ဒသမ ၁၄ သန်းအထိ တိုးပွားလာခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းအမျိုးမျိုးကြောင့် ကျေးလက်မှ မြို့ပြသို့ကူးပြောင်းနှုန်းသည်လည်း အလွန်မြန်ဆန်နေသည့်အတွက် လူနေထူထပ်လျက်ရှိသည်။

အစိုးရပထမနှစ်၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် စပ်မိစပ်ရာ

၂၀၁၇ ခုနှစ် မေလတွင် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အစိုးရအဖွဲ့၏သက်တမ်း တစ်နှစ်ကျော်ကျော်ကာလတွင် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍသည် အအောင်မြင်ဆုံးဟု ဆိုနိုင်လင့်ကစား အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးအပါအ၀င် နိုင်ငံခြားဆက်ဆံရေး ခြေလှမ်းများသည် လေးလံနေဆဲဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး ပထမနှစ်ကို လုံးစေ့ပတ်စေ့ ပြန်လည်သုံးသပ်ကာ အားနည်းချက်များ၊ လိုအပ်ချက်များ၊ ဟာကွက်များ၊ အလွဲအချော်များကို ပြုပြင်၊ ထိန်းညှိနိုင်ရေး ရည်မှန်းချက်ထားရမည် ဖြစ်သည်။

ရပ်သံရွာသံရေးထုံး

ရပ်သံရွာသံဟူသည် ရပ်ကွက်မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော အခြေခံလူတန်းစားပြည်သူတို့၏ အလွယ်တကူ နားလည်အောင် ပြောဆိုသော ရပ်သုံးရွာသုံးစကားသံ အပြောအဆိုဖြစ်သည်။ ရပ်သံရွာသံသည် ပါဠိသံ၊ ကျမ်းဂန်သံ၊ စာသံ၊ ပေသံတို့ဖြင့် ခန့်ခန့်ကြီး ပြောဆိုမှုမျိုးမဟုတ်ဘဲ အလွယ်တကူ နားလည်လွယ်စေသော ရပ်သုံးရွာသုံးစကားသံ ဖြစ်သည်။ ယင်းရပ်သုံးရွာသုံး ရေးသားပြောဆိုနေသော ရပ်သံ၊ ရွာသံရေးထုံး၏ အရေးပါမှုကို မြန်မာစာပေပညာရှင်ကြီး ဆရာကြီးမင်း သုဝဏ် (ဦးဝန်) က ရပ်သံရွာသံစည်းချရန်ဟူသော စာပေဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြခဲ့သည်။