Opinions

မျက်နှာမွဲမွဲ ပင်လုံဆွေးနွေးပွဲနှင့် နိုင်ငံရေးသံဝေဂ

ခေတ်ပြိုင်နိုင်ငံရေး အရွေ့မှာ လူငယ်တွေကို ပိုနေရာပေးနိုင်ရင် အနာဂတ်နိုင်ငံရေး အခင်းအကျင်းဟာ လေဟာနယ် နည်းလာမယ်လို့ မြင်ပါတယ်။ တောင်တန်းပြည်မ ပေါင်းစည်းခဲ့တဲ့ ဘူမိနက်သန် ပင်လုံမြို့မှာ ဒီနှစ် ပြည်ထောင်စုနေ့ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်ခဲ့တဲ့အချိန်မှာ လွန်ခဲ့တဲ့နှစ်နှစ်က သမိုင်းစာမျက်နှာတွေကို အမှတ်ရမိပါတယ်။ မျက်နှာမွဲမွဲ လုပ်ခဲ့ရတဲ့ ပင်လုံဆွေးနွေးပွဲမှာ လူငယ်တွေရဲ့ နိုင်ငံရေးအရွေ့ကို အထင်အရှား တွေ့ခဲ့ရသလို၊ ၂၀၁၇ နဲ့ ၂၀၁၅ ခုနှစ် အခမ်းအနားကို ကြည့်ရင်း နိုင်ငံရေးသံဝေဂ ဖြစ်မိပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မျက်နှာမွဲမွဲ ပင်လုံ ပြည်ထောင်စုပွဲမှာ အခြေတည်ခဲ့တဲ့ နိုင်ငံရေးအရ ဗျူဟာမြောက်အရေးပါပ

နွေဦး

တစ်ချက်တစ်ချက် ဥသြငှက်၏ တွန်သံကို ကြားလာရသည်။ ဥသြသံသည် နွေ၏သင်္ကေတ၊ အပူ၏ရှေ့ပြေးဖြစ်သည်။ ဥသြသံကိုကား လူတိုင်းကြားဖူးကြမည်ထင်သည်။ သို့သော် အသံသာ ကြားနေရသော်လည်း အကောင်ကို မြင်ဖူးသူကား နည်းပါးပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဥသြငှက်သည် အပင်မြင့် သစ်ရွက်ကြိုကြားမှာနေ၍ အော်လေ့ရှိသောကြောင့် ဖြစ်ပေသည်။ ဥသြသံကို ကြားရပြီဆိုလျှင် နွေရောက်ပြီဟု လူတို့က သဘောပေါက်ကြသည်။ ဥသြသည် တစ်ခါတစ်ရံ တစ်နေ့လုံး အော်ရုံသာမက ည၌ပင် အော်လေ့ရှိလေသည်။ ထိုဥသြငှက်၏ အော်သံကို ကြားရသည့်အခါ စိတ်ထဲတွင် အမျိုးအမည်မသိ ဝေဒနာဖြင့် လွမ်းဆွတ်စွာ ခံစားရမိလေ့ ရှိလေသည်။ နွေ၏ လေရူးဖြင့် သစ်ရွက်တို့ တဖွဲဖွဲကြွေကာ လေနှင်ရာ လွင့်ပါနေသည်ကိုြ

သမိုင်းဝင် မြို့ကလေးသို့ အလွမ်း

ကျွန်တော် ပင်လုံကိုရောက်တိုင်း ဘာကိုမှန်းမသိ လွမ်းပါတယ်။ ပင်လုံဆိုတာ အင်မတန်မှ သမိုင်းကြောင်း ကြီးမားလှတဲ့ တောင်တန်းနဲ့ ပြည်မပူးပေါင်းရေး ပင်လုံစာချုပ် ချူပ်ဆိုခဲ့ရာနေရာလည်း ဖြစ်ပါတယ်။

ပင်လုံသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၄၄၀ ပေကျော်မြင့်ပြီး ရပ်ကွက်လေးခုရှိပြီး၊ လူဦးရေ သုံးသောင်းကျော် နေထိုင်ပါတယ်။ ပင်လုံသည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်တွင် တည်ရှိပြီးတော့ လွိုင်လင်မှ ခြောက်မိုင်အကွာမှာ တည်ရှိပါတယ်။ တောင်ကြီးမြို့မှ မိုင်ပေါင်း ၆၄ မိုင်ကွာဝေးပါတယ်။

ပင်လုံကျောက်တိုင်နဲ့ နာမည်ကျော်ကြားထင်ရှားပြီး၊ ပင်လုံတက္ကသိုလ်၊ ပင်လုံ ကွန်ပျူတာတက္ကသိုလ်တို့ တည်ရှိပါတယ်။

လွင်ပြင်ရိုင်းပေါ်တွင် လွတ်လွတ်လပ်လပ်နေလိုသူတစ်ယောက်၏ မွေးနေ့

မွေးနေ့

သတ္တ၀ါတစ်ကောင်စီမှာ၊ လူတစ်ယောက်စီမှာ မွေးနေ့တစ်ရက်စီ ရှိကြတယ်။ မွေးနေ့ဟာ လူတစ်ယောက်အတွက် ဘ၀ရဲ့အစပဲ။ လောကထဲကို ချင်းနင်းဝင်ရောက်လာခြင်းပဲ။ ထိုမွေးနေ့မှစ၍ မသေမချင်း လောကဇာတ်ခုံပေါ်မှာ ငိုကာ၊ ရယ်ကာ၊ အောင်မြင်ကာ၊ ကျရှုံးကာစတဲ့ လောကဓံအတိုင်း ရင်ခုန်ပေရော့။ ရင်ဆိုင်ပေတော့။