Opinions

အချိန်နှင့် စီးချင်းထိုးခြင်း

မွေးကတည်းကနေ ယခုအထိ ကျွန်တော်တို့နှင့် မကွဲကွာအတူ ရှိနေသော အရာမှာ ‘အချိန်’ ဖြစ်သည်။ ‘ဘ၀ဆိုတာ အချိန်နှင့် ဖွဲ့စည်းထားတာ’ ဟု ဆရာအောင်သင်းက ပြောဖူးသည်။ အချိန်မရှိရင် ဘ၀ဆိုတာလည်း မရှိတော့ဘူးတဲ့။ လူတစ်ယောက်၏ ဘ၀သက်တမ်းကို လေ့လာချင်သည့်အခါ ‘သူ့အသက် ဘယ်လောက်ရှိလဲ’ ဟု မေးတတ်ကြပါသည်။ သူ့အသက်သည် သူနေထိုင်ခဲ့သော သူ့ဘ၀၏ သက်တမ်းကာလ အတိုင်းအတာပင် မဟုတ်ပါလား။ တစ်နည်းပြောရလျှင် သူ့အသက်သည် သူနေထိုင်ခဲ့သည့် ကာလပင် ဖြစ်ပါသည်။ ထို့ကြောင့် ဘ၀ကိုအချိန်နဲ့ ဖွဲ့စည်းထားသည်ဟု ဆရာအောင်သင်းက ပြောခြင်းဖြစ်မည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲ၏ သမိုင်းဦး

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲကို မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် လေးနှစ်အကြာ ၁၉၅၂ ခုနှစ်တွင် ဖဆပလ အစိုးရအဖွဲ့၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးလျက် ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပ ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ သို့သော် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲကို ကိုလိုနီခေတ် ဗြိတိသျှအစိုးရ လက်ထက်ကပင် မြန့်မာရုပ်ရှင်လောက၏ ထူးချွန်သော အနုပညာရှင်များကို ပုဂ္ဂလိက ရွှေတံဆိပ်ဆုများ ပေးအပ်ချီးမြှင့် ဂုဏ်ပြုမှုပြုခဲ့ကြသည်။

ပေါက်ဖော်ဆက်ဆံရေး အစောပိုင်းနေ့ရက်များ

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဧပြီ ၁၇ ရက်ညတွင် တိုင်းပြည်သို့ မြန်မာနှစ်သစ်ကူး မိန့်ခွန်းပြောကြားရာ၌ ဖဆပလအနေဖြင့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံကြီး နှစ်နိုင်ငံနှင့် မိတ်ဆွေဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ လွတ်လပ်ရေးမရမီကတည်းက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား မိတ်ဆွေဆက်ဆံရေး၏ ဗျူဟာမြောက် အရေးပါမှုကို မီးမောင်းထိုးပြခဲ့သည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ပထ၀ီအနေအထားအရ တည်ရှိနေသည့် မြန်မာနိုင်ငံ၏ ဗျူဟာမြောက် အရေးပါမှုသည် သိမ်မွေ့လွန်းသည့်အပြင် ထိလွယ်ရှလွယ်လွန်းသည်မှာ ယနေ့တိုင်ဖြစ်သည်။

ပြောင်းလဲရုံမျှဖြင့် မပြီးသေးပါ

“CHANGE” ဆိုတဲ့ အင်္ဂလိပ်စကားလုံးက နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ အများဆုံးသုံးပြီး မိမိတို့ပါတီကို ပြည်သူတွေက မဲပေးကြစေဖို့ လှုံ့ဆော်တဲ့စကားလုံးအဖြစ် အမေရိကန် သမ္မတအိုဘားမားက သူ့ရဲ့ပထမအကြိမ် မဲဆွယ်ရာမှာ အသုံးပြုခဲ့ပါတယ်။ လူတွေကပြောင်းလဲမှုကို လိုလားကြတာ အမှန်ဖြစ်ပါတယ်။ အတိတ်ကာလမှာ မထောက်ခံမဲတွေကို ထောက်ခံမဲတွေ အသွင်ပြောင်းလိုက်ပြီး အနိုင်ယူလိုက်ကြတယ်။ ၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီလမ်းကြောင်းကို ပုံဖော်ပေးမယ်ဆိုတဲ့ အသွင်နဲ့ အနိုင်ယူပြီး ငါးနှစ်တာ အုပ်ချုပ်ခဲ့ကြတယ်။

မက္ခရာမြို့ဟောင်း

(၁)

အမည်ကို ကြားကာမျှဖြင့် စိတ်ထဲ စွဲစွဲလမ်းလမ်းဖြစ်မိသည့် ရှေးဟောင်းမြို့တစ်မြို့ ရှိခဲ့သည်။ ကနဦးကာလများက ထိုမြို့သည်လည်း ပျူမြို့တော်ကြီးတစ်ခုလို အိပ်မက်ဆန်သော ဟိုအဝေးတစ်နေရာ၌ ရှိနေလိမ့်မည်လား ထင်မှားခဲ့ဖူးသည်။ တကယ်တော့ ထိုမြို့က မန္တလေးနှင့်သိပ်မဝေး။ သို့သော်အကြောင်းက မသင့်ချင်တော့ ထိုမြို့ဟောင်းကို အတော်နှင့်မရောက်ဖြစ်နိုင်။ ရောက်ပြီဆိုတော့လည်း တစ်လအတွင်းမှာပဲ နှစ်ကြိမ်ဆက်တိုက် ရောက်ဖြစ်ခဲ့ချေ၏။ ထိုမြို့က မက္ခရာမြို့ဟောင်း ဖြစ်ပါသည်။

(၂)