Opinions

၁၉၉၇ ခုနှစ် သောင်မတင် ရေမကျ ဆက်ဆံရေးနှင့် ကုလသမဂ္ဂ

၁၉၉၇ ခုနှစ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား ဆက်ဆံရေးသည် သောင်မတင် ရေမကျဖြစ်ခဲ့သည်။ ကုလသမဂ္ဂသည် မြန်မာအစိုးရနှင့် ဆက်ဆံရေးကို ချဲ့ထွင်နိုင်ရေး ဗျူဟာမြောက် ရှေ့တန်းတင်ခဲ့လင့်ကစား တုံ့ဆိုင်းလေးလံနေဆဲ ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးသစ်၊ မြန်မာအစိုးရ အမည်နာမသစ်၊ ကုလသမဂ္ဂ ပထမဆုံး အထူးကိုယ်စားလှယ်သစ်၊ အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့မှုသစ် စသည်တို့နှင့် ရွှန်းရွှန်းဝေခဲ့လင့်ကစား ကုလသမဂ္ဂနှင့် မြန်မာဆက်ဆံရေးသည် လမ်းအိုလမ်းဟောင်းပေါ်တွင်သာ ရှိနေဆဲဖြစ်ခဲ့သည်။

ကုန်သွယ်မှု၊ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်စေမှု (၁၅)

ဒီတစ်ပတ်မှာတော့ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ကုန်သွယ်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သိသင့်သိထိုက်တဲ့ အချက်တွေကို ဆက်ပြီးရေးပြလိုပါတယ်။ ကုန်သွယ်မှုမှာ ထုတ်ကုန် Export နဲ့သွင်းကုန် Import မျှခြေဖြစ်နေရင် နိုင်ငံစီးပွားရေးက တည်ငြိမ်မှုရှိနေမှာ ဖြစ်တယ်။ Balance of Trade လို့ခေါ်တဲ့ ကုန်သွယ်မှု မျှခြေဖြစ်မှုက ထုတ်ကုန်တွေနဲ့ သွင်းကုန်တွေရဲ့ တန်ဖိုးခြားနားချက်ကို ဖော်ပြပေးတာ ဖြစ်ပါတယ်။

ရန်ကုန် စာအုပ်လမ်းမှာ စာအုပ်များနဲ့ အပန်းဖြေကြမယ်

ခေတ်ရဲ့ရေစီးကြောင်းနဲ့အတူ တစ်ရိပ်ရိပ် လိုက်တက်လာတဲ့ ဆိုင်ခန်းငှားခတွေ၊ စာအုပ်ဆိုင် အပြင်အဆင်ဆိုတာကို လျစ်လျူရှုထားရတဲ့ ကျဉ်းမြောင်းတဲ့ နေရာထိုင်ခင်းတွေနဲ့ စာအုပ်ဆိုင်ဆိုတဲ့ အရာတွေ တဖြုတ်ဖြုတ် ကြွေလွင့်နေတဲ့ကာလ။ မြို့ပြရဲ့နေရာ ချဲ့ထွင်မှုအောက်မှာ ပျောက်ကွယ်လု ဖြစ်လာနေတဲ့ စာအုပ်အဟောင်းဆိုင်တန်းတွေ။ ထုတ်ဝေသူတွေ ထုတ်ဝေလိုက်တဲ့ စာအုပ်တွေဟာ ဆိုင်ခန်းတွေရဲ့ စာအုပ်စင်တွေပေါ်မှာပဲ အချိန်အတန်ကြာ အိပ်နေခဲ့ရတဲ့ အခြေအနေဟာ စာပေလောကမှာ ကြုံတွေ့နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။