Opinions

လူငယ်တွေကျူးလွန်လာတဲ့ မှုခင်းဖြစ်စဉ်များရဲ့ နောက်ကွယ်

ဖြစ်စဉ်( ၁ )

“ခင်ဗျားတို့က ကျုပ်ကိုဖမ်းရတာ ဘာကိစ္စလဲ။ မလိုက်နိုင်ဘူး” ဟု ပြောဆိုကာ ဆယ်ကျော်သက် လူငယ်တစ်ဦးက ရဲယူနီဖောင်း ၀တ်ဆင်ထားသူတစ်ဦးကို ပြောရင်းပြေးထိုးလိုက်သည်။

အဆိုပါ မြင်ကွင်းမှာ ရန်ကုန်တိုင်းဒေသကြီး ဆင်ခြေဖုံးမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် လွန်ခဲ့သည့် ငါးလခန့်က ဖြစ်ပွားခဲ့သည့် မြင်ကွင်းတစ်ခုဖြစ်သည်။

“သူက ဆေးများသုံးထားလား မသိဘူး။ ရဲတွေကို ၀င်ထိုးတာ။ ဒါပေမဲ့ လူငယ်လည်းဖြစ်တယ်။ ဟိုက ၀ါရင့်တဲ့သူတွေ (ရဲတပ်ဖွဲ့ဝင်)ဆိုတော့ ဘာမှမဖြစ်သွားဘူး” ဟု ယင်းဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောကြားသည်။

လွယ်အိတ်လေး

(၁)

ကျွန်တော်အနှစ်သက်ဆုံးပစ္စည်းများထဲတွင် လွယ်အိတ်ဆိုသောအရာတစ်ခု ပါဝင်ပါသည်။ ကျွန်တော့်တူမငယ်လေးက ကျွန်တော်လွယ်ထားသော လွယ်အိတ်အသစ်လေးကိုကြည့်ပြီး ‘ဘဘလွယ်အိတ်လေးက လှတယ်’ ဟုဆိုပါသည်။ ဟုတ်ပါသည်။ လွယ်အိတ်တိုင်း လှသည်ဟုပြော၍မရသော်လည်း ဒီနေ့ကျွန်တော်တို့ဝန်းကျင်တွင် တွေ့နေရ သော အဆင်အမျိုးမျိုးနှင့် လွယ်အိတ်လေးများက လိုချင်စရာကောင်းသလို၊ အရောင်လေးမြင်ရုံနှင့်လည်း လိုချင်စဖွယ်ဖြစ်ရပါသည်။

မဟာရံတံတိုင်းအလား ပိုင်းခြားနေဆဲပဲလား

“ပြေးကြဟေ့... ပြေးကြ... ငါတို့ဘက်ကိုမလာနဲ့၊ ဟိုဘက်အဆောင်ကကောင်တွေတော့ အကုန်ပါသွားပြီကွ...၊ အရှေ့ဘက်ကိုပြေးမှလွတ်မှာ..

အနာဂတ်သတင်းစာ

“ကိုဘသစ် ခုတစ်လော ပျောက်နေပါလား”

ကျွန်တော်တို့ လက်ဖက်ရည်ဝိုင်းကို ရောက်လာသည့် ကိုဘသစ်ကို ဇော်ဇော်က လှမ်းမေးလိုက်သည်။

“ကျွန်တော် ခရီးသွားနေလို့ပါ”

“ဘယ်ကိုသွားတာလဲ”

“အာဖရိကပါ။ တောင်အာဖရိကနိုင်ငံမှာပြုလုပ်တဲ့ ကမ္ဘာ့သတင်းကွန်ဖရင့် (World News Conference) ကိုအခွင့်ရလို့ သွားတက်တာပါ။

“လူအတော်များများ လာတက်လား”

“လာကြပါတယ်။ ၇၀၀ ကျော်လောက်လာကြပါတယ်။ အဓိက,ကတော့ သတင်းမီဒီယာတွေရဲ့ ရပ်တည်ချက်၊ နောင်ရေးနဲ့ အခွင့်အရေးတွေကို ဆွေးနွေးကြတာပါပဲ။

ကျွန်တော်တို့ဝိုင်းက လူတွေအားလုံး အာရုံစိုက်ကာ နားထောင်နေကြပါသည်။

စိုးရိမ်စိတ်တွေနဲ့ ကျွန်တော်တို့

လူတိုင်းမှာ စိုးရိမ်ခြင်းဆိုသည့် သောကဆိုတာ ရှိကြမည်ပင်။ ရှိလည်းရှိနိုင်စရာ ကျွန်တော်တို့မှာ စိုးရိမ်စရာ အကြောင်းအချက်တွေကလည်း များလွန်းလှသည်။ ဘာမှမဟုတ်သည့် အသေးအဖွဲ ကိစ္စမျိုးလေးတွေမှာတောင် စိုးရိမ်စိတ်ဖြစ်မိနေတတ်သည်။ ကိုယ်လုပ်လိုက်သည့်အရာတစ်ခု တစ်စုံတစ်ရာ ချွတ်ချော် မှားယွင်းသွားသည့် အခါမျိုး၊ တစ်စုံတစ်ရာ ဆုံးရှုံးရမည့်ကိစ္စ ကြုံကြိုက်လာသည့်အခါမျိုး၊ တစ်စုံတစ်ရာ လုပ်မည်ကြံတိုင်း ဖြစ်မှဖြစ်ပါ့မလားဆိုသည့် စိတ်တို့ဖြင့် ဖိစီးမှုသောက စိတ်တို့သည် ပေါ်ပေါက်လာတတ်ပေသည်။ မိသားစုအခြေအနေ၊ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ လူ့အဖွဲ့အစည်းကြောင့် ဖြစ်ပေါ်ရသောအန္တရာယ်၊ သဘာဝဘေးအန္တရာယ် အခြေအနေစသည်တို့ကြောင့် ေ