News

ခပေါင်းဆည် ရေအားလျှပ်စစ် စက်ရုံနယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာ ဖယ်ရှားခိုင်းထားသည့် တောင်ငူမြို့ ဇီးကုန်းကျေးရွာမှ လူနေအိမ် ၂၀ ခန့်မှာ ဆင်းရဲနွမ်းပါးကြသူများ ဖြစ်သောကြောင့် ရွှေ့ပြောင်းရန် အခက်အခဲဖြစ်နေဟု ဆို

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ ခပေါင်းဆည် ရေအားလျှပ်စစ်စက်ရုံမှ တောင်ငူမြို့နယ် ဇီးကုန်းကျေးရွာအုပ်စုရှိ အိမ်ခြေ ၂၀ ခန့်နှင့် လူဦးရေ ၁၃၀ ၀န်းကျင်ခန့်အား စက်ရုံနယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာ အုတ်တွင်းမြို့နယ် ခပေါင်းဆည်ရွာဘက်သို့ ဧပြီလအတွင်း ရွှေ့ပြောင်းခိုင်းထားကြောင်း သိရသည်။

အဆိုပါ ရွှေ့ပြောင်းခံရမည့် အိမ်ခြေများမှာ ဆင်းရဲနွမ်းပါးကြပြီး နေ့စားကွက်ကောက် လုပ်ကိုင်ကြသူများ ဖြစ်သောကြောင့် ရွှေ့ပြောင်းရန် အခက်အခဲရှိနေကြပြီး မူလနေရာ၌သာ နေထိုင်လိုကြကြောင်း သိရသည်။

မန္တလေးမြို့ မင်္ဂလာဈေးမီးလောင်မှုအကြောင်းရင်း မသိရသေးသော်လည်း မီးရှို့မှုနှစ်ခု ထပ်မံဖြစ်ပွား

မန္တလေးမြို့ မင်္ဂလာဈေးမီးလောင်မှုအကြောင်းရင်း မသိရသေးချိန်တွင် မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် မီးရှို့မှုနှစ်ခု မတ်၂၆ နှင့်၂၇ ရက်တို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

မတ်၂၆ ရက် ညနေ ၄ နာရီခန့်က မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ရှိအား မာန်သစ်ဘော်ဒါဆောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်းရှိ ထမင်းစားဆောင် မြောက်ထောင့် တိုင်အောက်ခြေ၌ မီးလောင်ထားကာ ဓာတ်ဆီနံ့ရသော အ၀တ်စတစ်စကို တွေ့ရှိရကြောင်း၊ ၀ါးထရံ ၂ ပေ x ၈  ခန့် မီးလောင်ထားသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းက ဆိုသည်။

သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်ကို တပေါင်းလပြည့်ကျော် ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လာရောက်သူ နည်းပါးလျက်ရှိ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ နှစ်စဉ်ကျင်းပမြဲဖြစ်သော သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်ကို တပေါင်းလပြည့် (မတ် ၂၃) ရက်မှ လပြည့်ကျော် ၉ ရက် (ဧပြီ ၁ ရက်) အထိ ကျင်းပသွားမည်ဖြစ်ရာ လက်ရှိအချိန်တွင် ပွဲတော်သို့ လာရောက်သူ နည်းပါးနေသေးကြောင်း သိရသည်။

ရွှေစာရံပွဲတော် စတင်ကျင်းပသည့် တပေါင်းလပြည့်နေ့တွင် ပွဲတော်လာသူများဖြင့် စည်ကားမှုရှိခဲ့သော်လည်း လပြည့်ကျော် နောက်ပိုင်းရက်များတွင် မန္တလေးမြို့ပေါ် နှင့် အနီးဝန်းကျင်ဒေသများမှ လာရောက်သူများ အနည်းငယ်သာရှိပြီး အခြားဒေသ ပရိသတ်များ မလာရောက်သေးကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအား ဗီဇာလေးနှစ်​ သက်​တမ်းတိုး​ရမည့် ရက်ကို ရက် ​၉၀ ထပ်​တိုး​သော်လည်း ဗီဇာသက်တမ်း ခြောက်နှစ် ကုန်ဆုံးသူများ သက်တမ်းတိုး၍ မရဟုဆို

ထိုင်းနိုင်ငံအတွင်း သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနက်  ဗီဇာ လေးနှစ် ကုန်ဆုံးသူများ ​သက်​တမ်းတိုး​ရမည့်ရက်အား  ရက် ​၉၀ ထပ်​တိုး​ ပေးလိုက်သော်လည်း ဗီဇာသက်တမ်း ခြောက်နှစ် ကုန်ဆုံးသူများနှင့် သက်ဆိုင်ခြင်း မရှိ၍  မြန်မာလုပ်သားအများစု အခက်အခဲဖြစ်လျက်ရှိကြောင်း  သိရသည်။

ဗီဇာ လေးနှစ် သက်တမ်း ကုန်ဆုံးသူများအား ထိုင်းနိုင်ငံဘက်မှ မတ် ၁၈ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သလို ဘန်ကောက်မြန်မာ သံရုံးထောက်ခံစာက မတ် ၁၇ ရက် နောက်ဆုံးရယူရန် မူလက သတ်မှတ်ခဲ့သော်လည်း ယခုအခါ ရက် ၉၀  ထပ်တိုးပေးလိုက်ခြင်း ဖြစ်သည်။

မြ၀တီနယ်စပ်မှ တရားဝင် ကားတင်သွင်းမှု ရပ်ဆိုင်းသွားသော်​လည်း​ သောင်​ရင်းမြစ် တစ်ဖက်​ကမ်းရှိ Without ကားဈေးကွက်​တွင်​ ၀ယ်​လက် ​ပြန်​လိုက်​လာပြီး ​ဈေးပြန်​လည်​မြင့်​တက်

မြ၀တီနယ်စပ်မှ  တရားဝင်ကားတင်သွင်းမှု ရပ်ဆိုင်းခဲ့​သော်​လည်း​ သောင်​ရင်းမြစ် တစ်ဖက်​ကမ်းရှိ Without Car​ ဈေးကွက်​တွင်​ ၀ယ်​လက် ​ပြန်​လိုက်​လာခဲ့ပြီး ကား​ဈေး ပြန်​လည်​မြင့်​တက်​လာ​​ကြောင်း ကားဝယ်​​ရောင်းသူများထံမှ သိရသည်​။

“ Boder Trade က တရားဝင်​ ကားတင်​သွင်းခွင့်​ မရ​သေးပါဘူး။ တကယ်​သွင်းချင်​တယ်​ဆိုရင်​ ပင်​လယ်​ရေ​ကြောင်းက​နေ သွင်းရမှာပါ။ တင်​သွင်းခွင့်​ ဘယ်​​တော့ရမလဲ ​မျှော်​​နေကြ​ပေမယ့်​ ခု​တော့ ဒီအုပ်​စု​တွေ ဈေးကွက်​ပျက်​​နေပါတယ်​” ဟု မြ၀တီနယ်​စပ်​မှ ထိုင်းနိုင်ငံထုတ်​ ကားများ တရားဝင်​တင်​သွင်းခဲ့သူ တစ်ဦး​​​က ​ပြောကြားသည်​။