News

ပဋိပက္ခဖြစ်ပွားခဲ့သည့် ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် အခြေအနေ တည်ငြိမ်လျက်ရှိပြီး ယခုအထိ အမှုဖွင့်ထားခြင်း မရှိသေး

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် မေ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က လူစုလူဝေးဖြစ်ပေါ်၍ ဗလီအဆောက်အအုံ အစိတ်အပိုင်းအား ဖျက်ဆီးမှုဖြစ်ပွားခဲ့သော်လည်း ဇွန် ၂၄ ရက်တွင် ပုံမှန်အတိုင်းဖြင့် အခြေအနေ တည်ငြိမ်လျက်ရှိပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ယခုအထိ အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သိရသည်။
 

ရန်ကုန်မြို့လယ်ရှိ ယာဉ်ထိန်းနားခိုတဲအတွင်း သေဆုံးနေသောအမျိုးသားမှာ အဆုတ်အအေးပတ်သဖြင့် သေဆုံးရခြင်းဖြစ်ဟု ကနဦးသိရ

ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် အမှတ်(၉)ရပ်ကွက် မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ယာဉ်ထိန်းနားခိုတဲအတွင်း သေဆုံးနေသော အမျိုးသားမှာ အဆုတ်အအေးပတ်သဖြင့် သေဆုံးရခြင်း ဖြစ်သည်ဟု ကနဦးသိရကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ သေဆုံးသူအမျိုးသားတွင် အဆုတ်၌ အနာရှိနေသည်ဟု ကနဦးသိရပြီး ၎င်းလှဲအိပ်သည့်အောက်ရှိ တမံတလင်းကြောင့် အဆုတ်အအေးပတ်၍ သေဆုံးရခြင်း ဖြစ်သည်ဟု ဆိုသည်။

ကျောက်ဖြူတွင် အသက် ရှစ်နှစ် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး

ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ် ဆားပြင်ရပ်ကွက်နေ (ဘ)ဦးလှမြင့် (မိ)မခင်းဝင်း၏သား အသက်ရှစ်နှစ် မောင်ဇော်နေထွန်းမှာ ၂၀၁၆ ခုနှစ် မေ ၂၆ ရက် နံနက် ၅ နာရီခွဲခန့်က ဓာတ်လိုက် သေဆုံးသွားကြောင်း သိရသည်။

ရုရှားသမ္မတ ပူတင်က မြန်မာနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများ မြင်တွေ့ကြောင်းနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်မှု အဆင့်မြှင့်တင်ရန် တိုက်တွန်း

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က မြန်မာနှင့် နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာ အလားအလာ ကောင်းများ မြင်တွေ့ကြောင်းနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုအဆင့်မြှင့်တင်ရန် တိုက်တွန်းခဲ့ကြောင်း ရုရှားသတင်း အေဂျင်စီတွင် သတင်းဖော်ပြထားသည်။

“ကုန်သွယ်မှုအဆင့်နဲ့ စီးပွားရေးအရ ဆက်ဆံမှုတွေဟာ အချိန်အတိုင်း အတာတစ်ခုအထိ အရမ်းမမြင့်မားပေမယ့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးရာ တိုးတက်ဖို့ အလားအလာကောင်းတွေ ရှိတယ်လို့ ဆက်လက် ပြောလိုပါတယ်” ဟု ရုရှားသမ္မတပူတင်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဇာဘိုင်ဂျန် ဂျာနယ်လစ် ၂၀၁၆ ယူနက်စကို/ဂွီလာမိုကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု ရရှိ

အဇာဘိုင်ဂျန်နိုင်ငံမှ စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ဂျာနယ်လစ် ခါဒီဂျာအီစမာယီလိုဗာသည် ၂၀၁၆ ယူနက်စကို/ဂွီလာမိုကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုအတွက် ရွေးချယ်ခံရကြောင်း သိရသည်။

မီဒီယာ ပရော်ဖက်ရှင်နယ်များ ပါဝင်သော လွတ်လပ်သော နိုင်ငံတကာ ဒိုင်လူကြီးအဖွဲ့က ခက်ခဲသော အခြေအနေရပ်များအတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် ထူးချွန်စွာ ထည့်ဝင်ခဲ့ခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် အီစမာယီလိုဗာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။