News

မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် မူကြမ်းရေးဆွဲပြင်ဆင်ထားပြီးဖြစ်၍ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးနောက် သဘောတူညီမှုများရရှိပါက စတင်နိုင်မည်ဟုဆို

မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် မိုင်းရှင်းလင်းရေးမူကြမ်း ရေးဆွဲပြင်ဆင်ထားပြီးဖြစ်၍ အပစ်ရပ် စာချုပ်လက်မှတ်ထိုးပြီးနောက် သဘောတူညီမှုများရရှိပါက စတင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငြိမ်းချမ်း ရေးပြန်လည်ထူထောင်ရေးဗဟိုဌာန (Myanmar Peace Center)၊ ပြန်လည်ထူထောင်ရေးဗဟိုဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်က ပြောကြားသည်။

ဆန္ဒပြုလှူဒါန်းသူများအနက် ငါးရာခိုင်နှုန်းခန့်မှသာ မျက်ကြည်လွှာရရှိပြီး အစားထိုးကုသရန် စောင့်ဆိုင်းနေသည့် လူနာ ၃၀၀၀ ကျော်ရှိနေ

မျက်ကြည်လွှာဆန္ဒပြုလှူဒါန်း သူများအနက် ငါးရာခိုင်နှုန်းခန့်မှ သာ မျက်ကြည်လွှာရရှိပြီး နှစ်စဉ် မျက်ကြည်လွှာအစားထိုးကုသမှုခံ ယူရန် စောင့်ဆိုင်းနေသည့် လူနာ ၃၀၀၀ ကျော်ရှိနေကြောင်း မျက်စိ အထူးကုဆေးရုံကြီး (ရန်ကုန်) မှ သိ ရသည်။

ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး ရေရှည်စီမံကိန်းမှာ ဒေါ်လာ ၂၄ ဘီလျံခန့် ကုန်ကျမည်ဖြစ်ပြီး အများပိုင်စနစ်ဖြင့်ပါ လုပ်ဆောင်မည်

 

ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းအောက်တွင် ပါရှိသည့် ရန်ကုန်မြို့ပြသယ်ယူပို့ဆောင် ရေးရေရှည်စီမံကိန်း YUTRA Plan အတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂၄ ဘီလျံခန့်ရှိမည်ဟု တွက် ချက်ထားပြီး အစိုးရဘတ်ဂျက်တစ်ခုတည်းဖြင့် မတတ်နိုင်၍ BOT အများပိုင်၊ ပုဂ္ဂလိက စသည့်စနစ်များ ဖြင့်ပါ လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

တေလာဆွစ်ဖ်က ကင်ကာဒစ်ရှန်ကို ကျော်တက်ပြီး Instagram တွင် ပရိသတ်အများဆုံး အနုပညာရှင်ဖြစ်လာ

          အဆိုတော်တေလာဆွစ်ဖ်သည် ရုပ်သံ အစီအစဉ်တင်ဆက်သူ ကင်ကာဒစ်ရှန်ကို ကျော်တက်ပြီး Instagram တွင် ပရိသတ် အများဆုံးအနုပညာရှင်ဖြစ်လာခဲ့သည်။

လက်တွေ့ဘ၀အကြောင်း ရုပ်သံအစီအစဉ်ကို တင်ဆက်သည့် ကင်ကာဒစ်ရှန် သည်  စက်တင်ဘာ ၃ ရက်တွင် ပရိသတ်  ၄၅ သန်းဖြင် Instagram တွင် ရေပန်းအစားဆုံးအနုပညာရှင်အဖြစ် ဖော်ပြခံခဲ့ရသည်။  ယင်းအချိန်တွင် ဆွစ်ဖ်သည်  ပရိသတ် ၄၄ ဒသမ ၇ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

သို့သော် အသက် ၂၅ နှစ်အရွယ်ရှိ ပေါ့ပ်စတားဆွစ်ဖ်သည် စက်တင်ဘာ ၉ ရက်တွင် ပရိသတ် ၄၅ ဒသမ ၉ သန်းရရှိခဲ့ပြီး ကင်ကာဒစ်ရှန်ကို ကျော်တက်ခဲ့သည်။

မန်စီးတီး ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပြီး အင်္ဂလန်ဒါဘီတွင် မန်ယူ အနိုင်ရ

စက်တင်ဘာ ၁၂ ရက်(စနေနေ့)တွင် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၅) ပွဲများတွင် မန်စီးတီးအသင်းက နောက်ကျဂိုးဖြင့် ရာနှုန်းပြည့်နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ မန်စီးတီးအနေဖြင့် အိမ်ကွင်းမာကျောသည့် ပဲလေ့စ်၏ကွင်းတွင် လူငယ်တိုက်စစ်မှူး အီဟီယန်နာချို၏မိနစ် ၉၀ သွင်းဂိုးကြောင့် အဖိုးတန်သုံးမှတ်ရရှိခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်ဒါဘီအဖြစ် တင်စားခေါ်ဝေါ်ခံရသည့် မန်ယူနှင့်လီဗာပူးလ်ပွဲတွင်မူ မန်ယူက ဘလင်း၊ ဟာရဲရား(ပယ်နယ်တီ)တို့၏ဂိုးများဖြင့် ဦးဆောင်ခဲ့ပြီးမှ လီဗာပူးလ်တိုက်စစ်မှူး ဘန်တီကီက ချေပဂိုးတစ်ဂိုးပြန်သွင်းယူသော်လည်း မန်ယူတိုက်စစ်မှူးသစ် မာတီယဲလ်က အနိုင်သေချာမည့် တတိယဂိုးကို သွင်း ယူ