Local

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်သမားများ ၀င်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ငါးခူရကျေးရွာ အပါအ၀င် ဘင်္ဂါလီကျေးရွာများသို့ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ သွားရောက်လေ့လာ

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်သမားများ ၀င်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ငါးခူရကျေးရွာ အပါအ၀င် အကြမ်းဖက်သမားများအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရသည့် ဘင်္ဂါလီကျေးရွာများသို့ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဇန်န၀ါရီ ၁၅ ရက်က သွားရောက် လေ့လာခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် နံနက်ပိုင်းတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

သန်လျင် အခြေပြု ယာဉ်လိုင်းများနှင့် မြို့ပြင်ဆက်စပ် ယာဉ်လိုင်းများမှအပ အခြားယာဉ်လိုင်းများအားလုံး ယာဉ်စီးခ ကျပ် ၂၀၀ ထက် ပိုမကောက်ခံရဟုဆို

သန်လျင် အခြေပြုယာဉ်လိုင်းများနှင့် မြို့ပြင်ဆက်စပ် ယာဉ်လိုင်းများမှအပ အခြားယာဉ်လိုင်းများ ယာဉ်စီးခကျပ် ၂၀၀ ထက် မပိုရန် Yangon.Bus Service က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် အများပြည်သူ ခရီးသွားများ အဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ယာဉ်လိုင်းပြေးဆွဲသူများက သန်လျင်အခြေပြုယာဉ်လိုင်းများနှင့် မြို့ပြင်ဆက်စက် ပတ်လိုင်းများမှအပ အခြားယာဉ်လိုင်းများ အားလုံးအတွက် ယာဉ်စီးခကျပ် ၂၀၀ ထက်မပိုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် တရားစီရင်ရေး လုပ်ငန်းများတွင် လာဘ်ငွေရယူမှုများ ရှိနေသည့်အတွက် နိုင်ငံတော်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့များ သိစေရန် သပိတ်ကျင်းဒေသခံများ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

သပိတ်ကျင်းမြို့နယ် တရားစီရင်ရေး လုပ်ငန်းများတွင် လာဘ်ငွေရယူမှုများ ရှိနေသည့်အတွက် နိုင်ငံတော်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့များသိစေရန် ဇန်န၀ါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့ မီဒီယာစင်တာတွင် သပိတ်ကျင်းဒေသခံများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မန္တလေးမြို့တွင် ပြုလုပ်သည့် တပ်မတော်နှင့် တရားသောစစ် လူထုထောက်ခံပွဲတွင် စစ်ပွဲများရပ်တန့်ရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူအား ထောက်ခံသူများက ထိုးကြိတ်မှုဖြစ်ပွား

တပ်မတော်နှင့် တရားသောစစ် လူထုထောက်ခံ ဟောပြောပွဲကို မန္တလေးမြို့တွင် ဇန်န၀ါရီ ၁၅ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် စစ်ပွဲများ ရပ်တန့်ရန်ဆိုသည့် ဗီနိုင်းဆိုင်းဘုတ်ဖြင့် လာရောက်ခဲ့သူ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူအား ထောက်ခံသူများက ထိုးကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ် တင်သွင်းရောင်းချနေသည့် ကုမ္ပဏီ ၇၀ အား စည်းကြပ်နှစ် သုံးနှစ်စာ ကျသင့်အခွန်များ ပေးဆောင်ရန် ပျက်ကွက်နေသည့်အတွက် အခွန်ပေးဆောင်ရန်နှင့် မပေးဆောင်ပါက အရေးယူခံရနိုင်ကြောင်း ပြည်တွင်းအခွန် အသိပေး

မော်တော်ယာဉ် တင်သွင်းရောင်းချနေသည့် ကုမ္ပဏီ ၇၀ အား စည်းကြပ်နှစ် သုံးနှစ်စာ အခွန်ပေးဆောင်ရန် ပျက်ကွက်နေသည့်အတွက် အခွန်ပေးဆောင်ရန်နှင့် မပေးဆောင်ပါက အရေးယူခံရနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ဇန်န၀ါရီ ၁၅ ရက်တွင် အသိပေးထားကြောင်း သိရသည်။