Local

မှောင်ခိုကုန်သွယ်မှုဖမ်းဆီးရာတွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန် ယာဉ်စစ်ဆေးချိန် သတ်မှတ်ချက်အား ထုတ်ပြန်ပေးမည်ဖြစ်ပြီး မှောင်ခို ကုန်စည်သယ်ဆောင်လာသည်ဟု သတင်းရထားသောယာဉ်များကို မြေလှန်စစ်ဆေးမည်ဟု စီမံ/ ဘဏ္ဍာဝန်ကြီး ပြောကြား

တရားမ၀င် မှောင်ခိုကုန်သွယ်မှုစစ်ဆေးရာတွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန် ယာဉ်တစ်စီးချင်းစစ်ဆေးချိန် သတ်မှတ်ချက် ထုတ်ပြန်ပေးမည်ဖြစ်ပြီး မှောင်ခိုကုန်စည် သယ်ဆောင်လာသည်ဟု သတင်းရရှိထားသော ယာဉ်များကိုမူ မြေလှန်စစ်ဆေးမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လခွဲခန့်အလိုတွင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် ဒေါ်လာ ၃ ဒသမ ၄ ဘီလျံခန့်ရှိ အဆိုပြုလွှာ ၇၀ ခန့် MIC သို့ လာရောက်တင်ပြထားပြီး ယခုဘဏ္ဍာနှစ် လျာထားချက် ကျော်လွန်နိုင်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်လခွဲခန့်အလိုတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်ရန် ဒေါ်လာ ၃ ဒသမ ၄ ဘီလျံခန့် တန်ဖိုးရှိ အဆိုပြုလွှာ ၇၀ ခန့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ လာရောက်တင်ပြထားပြီး ယခုဘဏ္ဍာနှစ် လျာထားချက်ထက် ကျော်လွန်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသူနှစ်ဦးအား အမှုနှင့်သက်ဆိုင်ခြင်း မရှိသဖြင့် ပြန်လွှတ်ပေး

Eleven Media Group  ၏ မုံရွာမြို့ အခြေစိုက် သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသူနှစ်ဦးအား အမှုနှင့်သက်ဆိုင်ခြင်း မရှိသဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း ဇန်န၀ါရီ ၁၆ ရက်တွင် မုံရွာမြို့မရဲစခန်းမှ သတင်း ရရှိသည်။

မောင်တောမြို့နယ်စပ် ကျီးကန်းပြင်ဌာနချုပ်နှင့် ငါးခူရ နယ်ခြားစောင့် ရဲစခန်းအား အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီငါးဦး ဖမ်းဆီးရမိ

မောင်တောမြို့နယ်စပ် ကျီးကန်းပြင်ဌာနချုပ်နှင့် ငါးခူရ နယ်ခြားစောင့်ရဲစခန်းအား အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီငါးဦးကို ဇန်န၀ါရီ ၁၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

YBS စတင်ပြေးဆွဲသည့်နေ့တွင် ခရီးသည်များ အဆင်မပြေမှုဖြင့် ကြုံတွေ့နေရ


YBS ကားများဖြင့် ယနေ့(ဇန်နဝါရီ ၁၆ ရက်)တွင် စတင်ပြေးဆွဲရာ၌ ပြေးဆွဲသော ကားအစီးအရေအတွက် နည်းပါးခြင်းကြောင့် ခရီးသည်များ အဆင်မပြေဖြစ်နေရကြောင်း သတင်းရရှိသည်။

သက်ဆိုင်ရာဂိတ်များမှ ၅ မိနစ် တစ်စီးနှုန်း ထွက်ပေးနေမည်ဟု ဆိုထားသော်လည်း ထွက်သည့် ကားအစီးရေ နည်းပါးသည့်အတွက် ခရီးသည်များအနေဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်း ခရီးသည်များက ပြောကြားသည်။