Local

ဦးကိုနီအား လုပ်ကြံသည့် ကြည်လင်းကို ဖမ်းဆီးနိုင်ရန် အသက်အန္တရာယ်ကို မငဲ့ဘဲ ကြိုးပမ်းအားထုတ်ခဲ့သည့် ဦးနေ၀င်းအား ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ထုတ်ပြန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ (ဗဟို) ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ကြည်လင်းကို ဖမ်းဆီးနိုင်ရန် အသက်အန္တရာယ်ကို မငဲ့ဘဲ ကြိုးပမ်းအားထုတ်ခဲ့သည့် အငှားယာဉ်မောင်း ဦးနေ၀င်းအား ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက နိုင်ငံတော် အတိုင်ပင်ခံရုံး၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ပါတီဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် စာများရေးသားသည် ဟုဆိုကာ မေတ္တာကမ်ပိန်းမှ ဒေါ်အမာနီအား မန္တလေးခရိုင် NLD ဒုဥက္ကဋ္ဌက ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထား

ပါတီဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းစေရန် စာများရေးသားသည် ဟုဆိုကာ မေတ္တာကမ်ပိန်းမှ ဒေါ်အမာနီအား မန္တလေးခရိုင် NLD ဒုဥက္ကဋ္ဌ ဦးကိုကိုလေးက မဟာအောင်မြေမြို့နယ် အမှတ် (၉) ရဲစခန်းတွင် ဖေဖော်ဝါရီ ၂၂ ရက်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်တန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရန် ဒုတိယသမ္မတ (၁) ဦးဆောင်သည့် ဦးဆောင်ကော်မတီ ဖွဲ့စည်း

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် ထူထောင်ရန် ဒုတိယသမ္မတ (၁) ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် 'မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၁၇/ ၂၀၁၇ ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တောင်သူများအား တရားစွဲဆိုထားသည့်ပုဒ်မများ အမြန်ဆုံး ရုပ်သိမ်းပေးရန်နှင့် လယ်ယာမြေပြဿနာများ အမြန်ဆုံးဖြေရှင်းပေးရန် ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍ တောင်သူများအား ဖမ်းဆီးခြင်း၊ အမှုဖွင့်တရားစွဲဆိုခြင်း ပြုလုပ်ထားသည့် ပုဒ်မများ အမြန်ဆုံး ရုပ်သိမ်းပေးရန်နှင့် လယ်ယာမြေပြဿနာများကို သက်ဆိုင်ရာ အစိုးရက အမြန်ဆုံးဖြေရှင်း ပေးရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက မန္တလေးတောင်ခြေရှိ စန္ဒာမုနိ ကုသိုလ်တော် ဘုရားဝင်းရှေ့၌ စုရုံးဟောပြောခဲ့ကြပြီး သုဓမ္မာဇရပ်တန်းအထိ တိုင်းဒေသကြီး အတွင်းမှ ဒေသခံ တောင်သူများက လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဦးလှဆွေက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်အား အယူခံတင်သည့် အမှုတွင် ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက ဦးပြူးလွင်အား အနိုင်ပေးခဲ့ပြီး ဦးလှဆွေအား အမှုစရိတ် ကျပ်တစ်သိန်း ကျခံစေရန် အမိန့်ချ

ဦးလှဆွေက အနိုင်ရကိုယ်စားလှယ် ဦးပြူးလွင်အား အယူခံတင် ကန့်ကွက်သည့် အမှုတွင် ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ဦးပြူးလွင်အား အနိုင်ပေးခဲ့ပြီး ဦးလှဆွေအား အမှုစရိတ် ကျပ်တစ်သိန်း ကျခံစေရန် ဖေဖော်ဝါရီ ၂၄ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဦးလှဆွေ၏ကန့်ကွက်မှုများအား ဦးပြူးလွင်ဘက်မှ ပဏာမငြင်းချက်ထုတ်သည့်အပေါ်၂၀၁၆ ခုနှစ် သြဂုတ် ၄ ရက်က ရွေး ကောက်ပွဲကော်မရှင်ခုံရုံးက ဦးပြူးလွင်အား အနိုင်ပေးခဲ့ပြီး ဦးလှဆွေဘက်မှ အယူခံတင်သွင်းခဲ့ခြင်းဖြစ်သည်။