Local

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံတွင် ကြိုတင်မဲပေးခွင့်ရှိသူများ စတင်ဆန္ဒမဲပေး

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံတွင် ကြိုတင်မဲပေးခွင့်ရှိသူများသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ဆန္ဒမဲပေးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် စင်ကာပူနိုင်ငံရှိ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၁၇၇ ဦးအတွက် ကြိုတင်မဲဆန္ဒမဲပေးခြင်းများကို စင်ကာပူမြို့ရှိ မြန်မာသံရုံးတွင် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကျောင်းသားသမဂ္ဂများ တရားဝင် ရပ်တည်ခွင့်နှင့် လွတ်လပ်စွာ လှုပ်ရှားခွင့်ကို ဥပဒေအရ အသိအမှတ်ပြုပြီးမှသာ တကသအဆောက်အအုံ ဆောက်လုပ်ရေးအား ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်များဖြင့် ကော်မတီဖွဲ့စည်း လုပ်ကိုင်သင့်ကြောင်း တိုက်တွန်း

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပသည့် “ကျောင်းသားသမဂ္ဂ အဆောက်အအုံနှင့် ပတ်သက်၍ ကျောင်းသားမျိုးဆက်အသီးသီး ပါဝင်သော ဆွေးနွေးပွဲ” ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ရန်ကုန်မြို့ Orchid Hotel ၌ ကျင်းပခဲ့ပြီး ၁၉၅၃ ခုနှစ် ကျောင်းသားသမဂ္ဂမျိုးဆက်မှသည် လက်ရှိကျောင်းသားသမဂ္ဂမျိုးဆက်အထိ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိမိတို့ လုပ်သင့် လုပ်ထိုက်သည်ကို မလုပ်ရဲ၊ မလုပ်သင့် မလုပ်ထိုက်သည်ကို ကြောက်၍ မလွန်ဆန်ရဲသည့်အချိန်တွင် ဦးကိုနီနှင့် ဦးနေ၀င်းကဲ့သို့ နိုင်ငံ့သားကောင်းများ ရှိခဲ့သည်ကို အမြဲအောက်မေ့ အင်အားဖြည့်ကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အောက်မေ့ဖွယ်စကား ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ယူသည်မှာ ၁၀ လကျော်ပြီ ဖြစ်ကြောင်း၊ အဆိုပါ ကာလတိုအတွင်း ကျေနပ်ဂုဏ်ယူသည်များထဲတွင် မိမိတို့အဖွဲ့ချုပ်ထဲ၌ ဦးကိုနီနှင့် ဦးနေ၀င်းကဲ့သို့ ပုဂ္ဂိုလ်မျိုး ပါဝင်ခဲ့ခြင်းပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ILO ပြဋ္ဌာန်းချက် အမှတ် ၉၈ (အလုပ်သမားများ လွတ်လပ်စွာ စုပေါင်းအရေးဆိုခွင့်) အား အစိုးရမှ လက်မှတ်ထိုးပေးရေး အပါအ၀င် အချက်သုံးချက်အား အလုပ်သမား ၃၀၀ ခန့် ဆန္ဒပြတောင်းဆို

အပြည်ဆိုင်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ပြဋ္ဌာန်းချက် အမှတ် ၉၈ (အလုပ်သမားများ လွတ်လပ်စွာ စုပေါင်းအရေးဆိုခွင့်) အား အစိုးရမှ လက်မှတ်ထိုးပေးရေး အပါအ၀င် အချက်သုံးချက်အား အလုပ်သမား ၃၀၀ ခန့် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခြင်းဖြစ်ပြီး ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ် နှင့်စက်မှုဇုန်များမှ အလုပ်သမား ၃၀၀ ခန့် ပါဝင်ကြသည်ဟု သိရသည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသည် ပြည်သူများ မျှော်လင့်ထားသလို မဟုတ်ဘဲ မီးလောင်ရာ ယပ်ခတ်သည်ဟု ယူဆကြောင်း ဦးဝင်းထိန် ပြောကြား

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသည် ပြည်သူများ မျှော်လင့်ထားသလို မဟုတ်ဘဲ မီးလောင်ရာယပ်ခတ်သည်ဟု ယူဆကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ် အခမ်းအနား ပြီးဆုံးသည့်နောက်ပိုင်းတွင် မီဒီယာများ၏ မေးမြန်းမှုအား ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။