Local

ချင်းတွင်းမြစ်ရေ ကျဆင်းပြီးနောက် မြစ်ကမ်းနံဘေးရှိ မြို့နယ်၊ ကျေးရွာအချို့တွင် ကမ်းပါးပြိုမှု ဆက်တိုက်နီးပါးဖြစ်ပွား

ချင်းတွင်းမြစ်ရေ ကျဆင်းပြီးနောက် မြစ်ကမ်းနံဘေးရှိ ခန္တီးမြို့ မြစ်ကမ်းပါးနှင့် ဖောင်းပြင်မြို့နယ် ပိုးစာကုန်းကျေးရွာတို့တွင် ကမ်းပါးပြိုမှု ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ e-Mandalay Web Portal စတင်လွှင့်တင်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ e-Mandalay  Web Portal စတင်လွှင့်တင်မှု ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့ရုံးတွင် ဇူလိုင် ၂၀ ရက်က ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ e-Mandalay  Web Portal ကို ဇူလိုင် ၁၉ ရက်ညက စတင်လွှင့်တင်မှု ပြုလုပ်ခဲ့ပြီး ၀န်ကြီးဌာန ၅ ခုအောက်ရှိ ဆက်စပ်ဝန်ကြီးဌာန ကိုးခုနှင့် ၎င်းတို့အောက်ရှိဌာန ၇၄ ခု၊ Topic ပေါင်း ၁၉၉ ခုတို့ဖြင့် စတင်ထုတ်လွှင့်သွားမည်ဖြစ်ကာ ၂၀၁၇ ခုနှစ်အတွင်း ကျန်ရှိသော ၀န်ကြီးဌာနများနှင့်ဌာနများ၏ အချက်အလက်များ ရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အထောက်အထားလွဲနေသူများ၊ အထောက်အထားမရှိသည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ လုပ်ဆောင်ရမည့်အချက်များ ထုတ်ပြန်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားလွဲနေသူများ၊ အထောက်အထားမရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် လုပ်ဆောင်ရမည့်အချက်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြိတ်မြို့ရှိ အနံ့ဆိုးထွက်သော သိုလှောင်ရုံ၏ ပိုင်ရှင်အား ထောင်ဒဏ်နှစ်လချမှတ်ခဲ့ပြီး အနံ့ဆိုးထွက်နေသည့် စက်ရုံများကိုလည်း ပြည်သူများ တင်ပြတိုင်တန်းလာပါက စည်ပင်သာယာမှ တရားစွဲဆိုပေးမည်ဟုဆို

မြိတ်မြို့ရှိ အနံ့အသက်ဆိုးထွက်သော သိုလှောင်ရုံပိုင်ရှင်အား ထောင်ဒဏ်နှစ်လ ချမှတ်ခဲ့ကာ အနံ့ဆိုးထွက်နေသည့် တခြားစက်ရုံများကိုလည်း ပြည်သူများမှ တင်ပြတိုင် တိုင်းလာပါက စည်သာယာမှ တရားစွဲဆိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စာပေ၊ နိုင်ငံရေးအပါအ၀င် နယ်ပယ်စုံ၌ ကျင်လည်ခဲ့သည့် စာရေးဆရာ မောင်စူးစမ်း၏ ဈာပန ပြုလုပ်

စာပေနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်အပါအ၀င် နယ်ပယ်ပတ်ဝန်းကျင်စုံ၌ ကျင်လည်ခဲ့ကာ အသက် (၉၁ နှစ်) အရွယ်တွင် ကွယ်လွန်ခဲ့သည့် စာရေးဆရာမောင်စူးစမ်း၏ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုသာန်၌ ဇူလိုင်၂၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာရေးဆရာ မောင်စူးစမ်းအား ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်း၌ ရေဝေးသုသာန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ပြီး ဈာပနအခမ်းအနားသို့ ဆရာမောင်စူးစမ်း၏ မိသားစုဝင်များ၊ အသိမိတ်ဆွေများ လာရောက်ခဲ့ကြောင်း သိရသည်။