Local

Father Land ပိုင်ရှင် ဦးကျော်မြင့်ကို ရုံးထုတ်ရာ၌ အမှုတွဲ ခရိုင်သို့ ပို့ထား၍ မစစ်ဖြစ်

လိမ်လည်မှု အပါအဝင် အခြားပုဒ်မများနှင့် တရားရင်ဆိုင်နေရသော Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ် တရားရုံး၌ ရုံးထုတ်ရာတွင် ၎င်း၏အမှုတွဲမှာ ခရိုင်တရားရုံးသို့ တင်ပို့ထားသောကြောင့် မစစ်ဆေးဖြစ်ဘဲ ကျောက်တံတားမြို့နယ် တရားသူကြီးက ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့သည်။

ခရိုင်တရားရုံးသို့ အမှုတွဲ တင်ပို့ထားရသည့် အကြောင်းရင်းမှာ တရားလိုဘက်မှ တရားရုံးပြောင်းလဲ စစ်ဆေးပေးရန် ခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ပြီး ခရိုင်တရားရုံးက ဦးကျော်မြင့်၏ အမှုတွဲကို ယူဆောင်ထားသောကြောင့် စစ်ဆေးခြင်း မရှိကြောင်း သိရသည်။

ကန့်ဘလူကြံစီမံကိန်း တပ်သိမ်းမြေ အမှုတွဲများကို ဆက်လက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း မြေသိမ်းခံတောင်သူများ ထွက်ဆို

ကာလများစွာ ကြာမြင့်လျက်ရှိသော ကန့်ဘလူကြံစီမံကိန်း တပ်သိမ်းမြေပြဿ နာ အမှုတွဲများကို ဇန်န၀ါရီ ၁၂ ရက်က ဆက်လက်စစ်ဆေးခဲ့ပြီး တရားစွဲခံ တောင်သူအများစု အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိကြောင်း တရားရုံးတွင် ထွက်ဆိုချက်ခဲ့ကြသည်ဟု သိရသည်။ အမှုစစ်ချက်များအား လက်ရှိအနေအထားအရ ကျေနပ်မှုရှိကြောင်း မြေသိမ်းခံ တောင်သူများ၏ရှေ့နေ ဦးဝေလင်းအောင်က ပြောကြားပြီး လုံလောက်သည့် သက်သေများကိုလည်း ရုံးတော်သို့ တင်သွင်းခဲ့သည်ဟု ပြောကြားသည်။

နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းအတွင်း အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်ဆန္ဒပြရာမှ ကျောင်းသားများနှင့် ဒုပါချုပ် တင်းမာမှုဖြစ်ပေါ်

နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းအတွင်း ဇန်န၀ါရီ ၁၃ ရက်က အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်ဆန္ဒပြရာမှ ကျောင်းသားများနှင့် ဒုတိယ ပါမောက္ခချုပ်တို့ နှစ်ဖက်တင်းမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကျောင်းသားများမှ ဇန်န၀ါရီ ၁၃ ရက် နံနက် ၁၀ နာရီကျော်က ကျောင်းအတွင်း လှည့်လည်၍ အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်ဆန္ဒပြရာတွင် ဒုတိယပါမောက္ခချုပ်မှ ကားဖြင့်ရောက်ရှိလာပြီး ဆန္ဒထုတ်ဖော်သည့် ကျောင်းသားများနှင့် ထိပ်တိုက်တွေ့ဆုံ ပြောဆိုမေးမြန်းရာမှ တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားနေ၍ အေအာရ်တီဆေး သောက်ရသည့် ကလေးအများစုမှာ ပြုစုစောင့်ရှောက်မှု အားနည်းခြင်းကြောင့် ဆေးကုသနေစဉ်မှာပင် သေဆုံးနေ

အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကြောင့် ခုခံအားကျ ကုသဆေး သောက်နေရသည့် အသက် ၁၅ နှစ်အောက် ကလေးအများစုမှာ ပြုစုစောင့်ရှောက်မှု အားနည်းခြင်းကြောင့် ဆေးကုသနေသည့် ကာလအတွင်းမှာပင် သေဆုံးနေကြကြောင်း ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ သုတေသီများ ပြုစုထားသည့် ‘ခုခံအားကျရောဂါ ကုသဆေးဖြင့် ဆေးကုသမှု ခံယူနေသော ကလေးငယ်များ အသက်ရှင်မှုကို လေ့လာခြင်း’ စာတမ်းအရ သိရသည်။

တရုတ်နှင့် အဓိကကုန်သွယ်လမ်း ကွတ်ခိုင်-နမ့်ဖတ်ကာ-၁၀၅ မိုင် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကားလမ်းပိတ်ဆို့မှု နေ့စဉ်နီးပါး ဖြစ်ပေါ်နေမှုကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများ အခက်ကြုံ

တရုတ်နိုင်ငံနှင့် အဓိကနယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတစ်ခုဖြစ်သော လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇန်န၀ါရီ ၈ ရက်မှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။