Local

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအတိုင်း ဆောင်ရွက်နေကြောင်းနှင့် ဒေသခံများ ကျေနပ်သည်အထိ ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်မည်ဟု အကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး ပြောကြား

လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးအစီရင်ခံအတိုင်း ဆောင်ရွက်နေကြောင်းနှင့် ဒေသခံများကျေနပ်သည်အထိ ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီအတွင်းရေးမှူး ဦးတင်မြင့်က ဇန်နဝါရီ ၈ ရက်တွင် မီဒီယာများအား ပြောကြားသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသ မော်မောင်းဘွမ်ကျေးရွာအနီး မြေစာပုံပြိုကျမှု လေးဦးသာ တူးဖော်နိုင်သေး

ကချင်ပြည်နယ် ဖားကန့်ဒေသ မော်မောင်းဘွမ်ကျေးရွာအနီးတွင် ဇန်နဝါရီ ၆ ရက် ညဦးပိုင်းက မြေပြိုကျမှုဖြစ်ပွားရာ သေဆုံးသူများတူးဖော်ရာတွင် ဇန်နဝါရီ  ၈ ရက် ညနေပိုင်းအထိ လေးဦးသာရရှိသေးကြောင်း တောင်ပြိုရာအိမ်မှူး ဦးသန်းရွှေက ပြောကြားသည်။

မြေပြိုကျမှုမှာ အလျား ပေ ၁၂ဝဝ ခန့် နှင့် အနံပေ ၃ဝ ကျော် ၊ အမြင့် ပေ၅ဝဝ နီးပါးတွင်ရှိသောကြောင့် မြေစာပုံ မြေလှန်ရှာဖွေမှုမှာ တွင်ကျယ်မှုမရှိကြောင်း သိရသည်။

ကမ္ဘာ့ရေနံဈေး ထပ်မံကျဆင်းနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ပြောပလောက်အောင် ကျဆင်းခြင်းမရှိ

၂ဝ၁၄ ခုနှစ် ဇန်နဝါရီက ကမ္ဘာ့ရေနံဈေးနှုန်းသည် တစ်စည်လျှင် ၉၄ ဒေါ်လာဝန်းကျင်ရှိခဲ့ရာမှ  ပြီးခဲ့သည့် ဇွန်လမှစ၍ ဆက်တိုက်လိုလို ကျဆင်းလာခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလဆန်းတွင် တစ်စည်လျှင် ဒေါ်လာ ၅ဝ အောက်အထိ ကျဆင်းလာခဲ့သော်လည်း ပြည်တွင်းရေနံဆီနှင့် ဓာတ်ဆီဈေးနှုန်းများ ပြောပလောက်အောင် ကျဆင်းခြင်းမရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

တရုတ်နိုင်ငံသို့ တရားမ၀င် ၀င်ရောက်သည့်သစ်များ၏ ရာခိုင်နှုန်း ၉၀ ခန့်ကို မြန်မာနိုင်ငံမှ အဓိကရရှိနေကြောင်း စာတမ်းတစ်စောင်တွင် ဖော်ပြ

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမဝင် သစ်မှောင်ခိုလုပ်ငန်း အကြီးဆုံးလုပ်ဆောင်နေသော နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာခုနစ်ဘီလျံဖိုးခန့်အား တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေကာ အဆိုပါတရားမဝင် ဝင်ရောက်သည့် သစ်များ၏ ရာခိုင်နှုန်း ၉ဝအား မြန်မာနိုင်ငံမှ ရရှိနေကြောင်း ဇန်နဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးစင်တာ ( IBC) ၌ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သစ်တောအသင်း၏ Seminar on :Enviroment:Policies, People and Problem ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး ဦးတင်အေး၏ “What are the Major Causes of Deforestation in Myanma

ရန်ကုန်လိပ်စာပေါက် မည်သည့်အပ်ကားဟောင်းများ၏ စလစ်နှင့်မဆို ကားသွင်းခွင့်လိုင်စင် လျှောက်ထားပါက ကားပါကင်ထောက်ခံချက်ပြရန် မလိုတော့ကြောင်းထုတ်ပြန်

ကားဟောင်းများအပ်၍ ကားသစ်တင်သွင်းခွင့် ပြန်လည်လျှောက်ထားရာတွင် ကားဟောင်းဖျက်သိမ်းရေး ထောက်ခံချက်ပုံစံ(ဃ) ၏ လိပ်စာသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပါက ကားသွင်းခွင့်လျှောက်ထားရာ၌ ကားပါကင်ထောက်ခံချက်ပြရန် မလိုတော့ကြောင်း မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။