Local

အ၀လွန်ကဲသော အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါရှိသူများ အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသခြင်းဖြင့် ရာခိုင်နှုန်း ၈၀ အထိ ပျောက်ကင်းနိုင်ဟုဆို

မြန်မာနိုင်ငံတွင် အ၀လွန်ကဲနေသော အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါရှိသူများ အစာအိမ်အူလမ်းကြောင်း ခွဲစိတ်မှု ကုထုံးသစ်အဖြစ် ကုသခြင်းဖြင့် ယင်းရောဂါ ရာခိုင်နှုန်း ၈၀ အထိ ပျောက်ကင်းနိုင်ကြောင်း မြန်မာနိုင်ငံ ဆီးချိုသွေးချိုအသင်းမှ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်က ပြောကြားသည်။ မတ်၂၆ ရက်က ပြုလုပ်သော UNICITY MEDICAL PROFESSIONAL SEMINAR ဖွင့်ပွဲအခမ်းအနားနှင့် UNICITY ဆေးပစ္စည်း အကြောင်းအရာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သုံးပတ်အတွင်း အနိမ့်ဆုံးဈေးအဖြစ် နိုင်ငံခြားငွေလဲနှုန်း ၁၃၅၇ ကျပ်အထိ ကျဆင်း

ကမ္ဘာ့ဒေါ်လာဈေးညွှန်းကိန်းအား ပျော့လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် သုံးပတ်အတွင်း အနိမ့်ဆုံးဈေးအဖြစ် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၇ ကျပ်အထိ ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မတ် ၂၃ ရက်မှ စတင်ကာ ဒေါ်လာဈေး အညွှန်းကိန်းပွိုင့် ၁၀၀ အောက်ကျဆင်းခဲ့ပြီး မတ် ၂၈ ရက်အထိ ၉၉ ဒသမ ၁၁ ပွိုင့်ဝန်းကျင်တွင်သာ ရှိနေဆဲဖြစ်သည်။

ဈေးကွက်ပမာဏ တစ်နှစ်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိသော မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု ဈေးကွက်၌ ဂျပန်အခြေစိုက် Mitsubishi ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံမည်

ဈေးကွက်ပမာဏ တစ်နှစ်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိပြီး တိုးတက်မှုရာခိုင်နှုန်း ၂၀ ကျော်ရှိသော မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုဈေးကွက်၌ ဂျပန်အခြေစိုက် Mitsubishi ကော်ပိုရေးရှင်းက ဆေးရုံများရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဂျပန်သတင်းဌာန Nikkei ၏ဖော်ပြချက်အရ သိရသည်။

အလယ်အလတ်နှင့် အထက်တန်းစား လူတန်းစားအရေအတွက် မြင့်တက်လာမှုကြောင့် တိုးတက်လာသော မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုဈေးကွက်၌ မြန်မာလုပ်ငန်းများနှင့်အတူ Mitsubishi ကအကျိုးတူ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။

အိမ်တွင်းအကြမ်းဖက်မှု အပါအ၀င် အကြမ်းဖက်ခံရသော အမျိုးသမီးများ ခိုလှုံနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှု၊ ဥပဒေရေးရာ စောင့်ရှောက်မှုများပေးမည့် One Stop Woman Center ဖွင့်လှစ်မည်

အိမ်တွင်းအကြမ်းဖက်မှု အပါအ၀င် အကြမ်းဖက်ခံရသော အမျိုးသမီးများ ခိုလှုံနိုင်စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဥပဒေရေးရာ စောင့်ရှောက်မှုများပေးမည့် One Stop Woman Center များ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ပြောကြားသည်။

မူဆယ်-နမ့်ခမ်းဒေသသည် တရုတ်နှင့် ကုန်သွယ်မှုပြုနေသည့်အတွက် ကုန်သွယ်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုး ဆောင်ရွက်ရာတွင် အထူးသတိပြုကြရန်နှင့် ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်ရန် သတိပေး

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်-နမ့်ခမ်းဒေသမှာ ကုန်သွယ်ရေးအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုနေသည့်အတွက် ကုန်သွယ်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုး ဆောင်ရွက်ရာတွင် အထူးသတိပြုကြရန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ညီညွတ်စွာ လုပ်ဆောင်ကြရန် (၂၂) ကြိမ်မြောက် မူဆယ်-နမ့်ခန်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း နှစ်ပတ်လည် အစည်းအဝေးတွင် ကုန်သည်/စက်မှုအသင်းချုပ်မှ  ဗဟိုအလုပ်အမှုဆောင် ဦးထွန်းအောင်က ပြောကြားခဲ့သည်။