Local

မော်လမြိုင်မြို့အတွင်းရှိ ဈေးကြီးများ၌ ရောင်းချနေသော စားသောက်ကုန်နှင့် အလှကုန်များကို နေပြည်တော် FDA Mobile Team ဖြင့် ပထမဆုံးအကြိမ် စစ်ဆေး

မော်လမြိုင်မြို့အတွင်းရှိ ဈေးကြီးများတွင် ရောင်းချနေသော စားသောက်ကုန်၊ အလှကုန်ပစ္စည်းများ သုံးစွဲရန် သင့်၊ မသင့် အဖြေထုတ်နိုင်သော နေပြည်တော် FDA Mobile Team ယာဉ်ဖြင့် ပထမဆုံးအကြိမ် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းမှ ပစ္စည်းနမူနာယူ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ကြောင်း သတင်းရရှိသည်။

အသည်းကင်ဆာနှင့် မျိုးရိုးဗီဇသန္ဓေကို ပြောင်းလဲစေနိုင်သည့် အာဖလာတောက်ဆင်ဘီဝမ်းများ လူအများ စားသုံးနေသည့် ကွမ်းသီးများတွင် တွေ့ရှိ

လူအများ စားသုံးနေသည့် ကွမ်းယာတွင် အဓိက ပါဝင်သည့် ကွမ်းသီးများတွင် အသည်းကင်ဆာနှင့် မျိုးရိုးဗီဇ သန္ဓေကို ပြောင်းလဲစေနိုင်သည့် အာဖလာတောက်ဆင်ဘီဝမ်းများ ပါဝင်နေကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)မှ သုတေသီများ သုတေသန ပြုလုပ်ချက်အရ သိရသည်။

အာဖလာတောက်ဆင်ဘီဝမ်းဟူသည် သဘာဝအလျောက် ဖြစ်ပေါ်သည့် အပင်ထွက်ပစ္စည်း တစ်မျိုးဖြစ်ပြီး အချို့သော မှိုများဖြစ်သည့် Asprgillus flavus, Aspergillus Parasiticus များ ထွက်ရှိကြောင်းနှင့် ယင်းအဆိပ်ကို အဓိကအားဖြင့် အပူပိုင်းဒေသနှင့် အပူလျော့ပိုင်း ဒေသများရှိ ကောက်ပဲသီးနှံ၊ အခွံမာအသီးတို့တွင် တွေ့ရှိရကြောင်း သိရသည်။

အလုပ် လုပ်နိုင်သည့် အရွယ် လူလတ်ပိုင်းများတွင် ကင်ဆာဖြစ်နှုန်း မြင့်တက်လာ

အသက် ၃၀ မှ ၆၅ နှစ်အတွင်းရှိ အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြား လူလတ်ပိုင်းများတွင် ကင်ဆာဖြစ်ပွားနှုန်းများ မြင့်တက်လာပြီး ရောဂါဖြစ်ပွားမှု ပုံစံများလည်း ပြောင်းလဲလာကြောင်း ကင်ဆာရောဂါ ပုံစံများ ဆေးရုံအခြေပြု ကင်ဆာရောဂါ စစ်တမ်းအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အလံတိုင်ရှိ နိုင်ငံတော်အလံနေရာတွင် သုံးရောင်ခြယ် ဒေါင်းအလံလွှင့်တင်မှုနှင့်ပတ်သက်၍ တရားရုံးဝန်ထမ်းအချို့ကို စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အလံတိုင်တွင် မြန်မာနိုင်ငံအလံအစား သုံးရောင်ခြယ်ဒေါင်းအလံ ဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ယင်းတရားရုံးဝန်ထမ်းအချို့အား မေးမြန်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဇန်နဝါရီ ၅ ရက်တွင် စုံစမ်းသိရသည်။

အဆိုပါ အလံပြောင်းလဲလွှင့်တင်မှုမှာ ၂ဝ၁၅ ခုနှစ်၏ နှစ်သစ်ကူး ပထမရက် ဇန်နဝါရီ ၁ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ တာဝန်ကျတရားရုံးဝန်ထမ်းအချို့ကို မေးမြန်းစစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ချိပ်ပိတ်ထားသည့် မဟာသန္တိသုခကျောင်းတိုက်အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆက်လက်လုပ်ဆောင်မည်ဟု တိုင်းသာသနာရေးမှူး ပြောကြား

ချိတ်ပိတ်ထားသည့်  မဟာသန္တိသုခကျောင်းတိုက်အား နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်များအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသနာရေးမှူး ဦးစိန်မော်က ပြောကြားသည်။

ပီနန်ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တို့ကြား အငြင်းပွားလျက်ရှိသည့် မဟာသန္တိသုခကျောင်းတိုက်ကို လက်ရှိတွင် ချိတ်ပိတ်ထားကြောင်း သိရသည်။