Local

CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး အမည်ပေါက်ဖြင့် လုပ်ပိုင်ခွင့် ရယူထားသည့် တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စုမှ စိုက်ပျိုးမြေများအား ပြန်လည်စွန့်လွှတ်ရန် လုပ်ဆောင်နေပြီး လယ်သမားပါတီ ကြားဝင်ဆောင်ရွက်နေပါက လက်ခံမည် မဟုတ်ကြောင်း ဒေသခံများ ပြောကြား

ကောင်းမြန်မာအောင် ကုမ္ပဏီမှ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး အမည်ပေါက်ဖြင့် လုပ်ပိုင်ခွင့် ရယူထားသည့် တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စု စိုက်ပျိုးမြေများကို ပြန်လည် စွန့်လွှတ်ပေးရန် လုပ်ဆောင်နေသည်ဟု သိရပြီး လယ်သမားပါတီက ကြားဝင်ဆောင်ရွက်နေပါက လက်ခံမည် မဟုတ်ကြောင်း ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်နေသော်လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျောက်တော် မြို့နယ်တွင် လုံခြုံရေး ပိုမိုတင်းကျပ်ထား

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်နေသော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သော ကျောက်တော် မြို့နယ်အတွင်း လုံခြုံရေး ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ ဒီဇင်ဘာ နောက်ဆုံးအပတ်မှ စတင်ကာ ရက်သတ္တတစ်ပတ်ကျော်ခန့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဇန်န၀ါရီ ၈ ရက်မှ စတင်ကာ ကျောက်တော် မြို့နယ်အတွင်း အဝေးပြေး လမ်းပိုင်းများ၌ စစ်ဆေးဂိတ်များဖွင့်ကာ အ၀င်အထွက် ကားများအား စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းတူးသည့် ကုမ္ပဏီများအနက် အကြီးဆုံးကုမ္ပဏီ ၃၀ အား စိစစ်ရာတွင် တပ်မတော်မှ ပိုင်ဆိုင်သည့် ကျောက်စိမ်း ကုမ္ပဏီသည်ပင် အဆင့် ၂၃ ၌ရှိနေပြီး ယင်းကုမ္ပဏီ ၃၀ တွင် အမည်ခံကုမ္ပဏီများ ပါဝင်နေကာ အဆိုပါ အမည်ခံကုမ္ပဏီများ၏ နောက်ကွယ်ရှိ အစုရှယ်ယာရှင်များကို ...

ကျောက်စိမ်းတူးသည့် ကုမ္ပဏီများအနက် အကြီးဆုံးကုမ္ပဏီ ၃၀ အား စိစစ်ရာတွင် တပ်မတော်မှ ပိုင်ဆိုင်သည့် ကျောက်စိမ်း ကုမ္ပဏီသည်ပင် အဆင့် ၂၃ ၌ရှိနေပြီး ယင်းကုမ္ပဏီ ၃၀ တွင် အမည်ခံကုမ္ပဏီများ ပါဝင်နေကာ အဆိုပါ အမည်ခံကုမ္ပဏီများ၏ နောက်ကွယ်ရှိ အစုရှယ်ယာရှင်များကို ဖော်ထုတ်မည့် လုပ်ငန်းစဉ်များ EITI တွင် လုပ်ဆောင်သွားမည်ဟုဆို

ကရင် အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်အမျိုးသား အလံတင် အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ

ကရင် အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်အမျိုးသား အလံတင် အခမ်းအနားကို ဇန်န ၀ါရီ ၁၀ ရက် နံနက် ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ကဘာ၊ အာလိန်ငါးဆင့်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသား အလံတော် လွှင့်ထူမှုအား ကရင်အမျိုးသား နှစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပါမောက္ခ မန်းရွှေပြည်အေးက အလံလွှင့်ထူပေးခဲ့ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့ကို အလေးပြုကာ ကရင်အမျိုးသား သီချင်းသီဆိုပြီး အလံတင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကမ္ဘာအေးစေတီလမ်းပေါ်ရှိ 68 Residence ကွန်ဒိုစီမံကိန်းအား မူလခွင့်ပြုသည့် အထပ်ပမာဏထက် ပြန်လျှော့မည်

ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းနှင့် ဆရာစံလမ်းထောင့်တွင် ဆောက်လုပ်မည့် 68 Residence ကွန်ဒိုစီမံကိန်းမှာ ရန်ကုန်မြို့သို့ ရေဖြန့်ဝေနေသည့် ကုက္ကိုင်းရေလှောင်ကန်နှင့် နီးကပ်နေခြင်း အပါအ၀င် အချက်သုံးချက်ဖြင့် ငြိစွန်းနေ၍ မူလခွင့်ပြုခဲ့သည့် အထပ်ပမာဏအား ပြန်လျှော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင်က ပြောကြားသည်။