Local

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာပြည်ဖွား ဘာသာခြား ရွှေ့ပြောင်းလုပ်သားများ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ် (CI) ရရှိရန် ခက်ခဲနေဟု ဆို

ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်​ လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအား စခန်းခြောက်ခုတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ် (CI) ထုတ်ပေးလျက်ရှိရာ မြန်မာပြည်ဖွား ဘာသာခြား ရွှေ့ပြောင်းလုပ်သားများမှာ CI စာအုပ်လျှောက်ထားရာတွင် လုပ်ခွင့်မရဘဲ ခက်ခဲနေကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရက မတ် ၃ ရက်ကစပြီး ထိုင်းနိုင်ငံရှိ ခရိုင်ခြောက်ခုတွင် Certificate of Idendity ဟုခေါ်သော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ် (CI) ပြုလုပ်ပေးလျက် ရှိသည်။

အခြေခံပညာရေးဝန်ထမ်းများ၏ လိုအပ်ချက်များ တောင်းဆိုနိုင်ရန် အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂအား နှစ်လအတွင်း နိုင်ငံအနှံ့ဖွဲ့စည်းမည်

အခြေခံပညာရေး ၀န်ထမ်းများ၏ လိုအပ်ချက်များကို တောင်းဆိုနိုင်ရန်နှင့် ပညာရေးဝန်ထမ်းများ အချင်းချင်း ရိုင်းပင်းကူညီနိုင်ရန် အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂအား နှစ်လအတွင်း နိုင်ငံအနှံ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း မတ် ၂၇ ရက် ညနေ ၄ နာရီခန့်က ပုသိမ်မြို့ ပညာပါရမီပညာဒါနကျောင်းတွင် ပြုလုပ်သည့် အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂဖြစ်မြောက်ရေး ကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲမှ သတင်းရရှိသည်။

(၂၇၅၆) နှစ်မြောက် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ကို လွိုင်ကော်မြို့နယ် ၀ါရီကောခူကျေးရွာတွင် ကျင်းပပြီး ငြိမ်းချမ်းရေးအတွက် မရရအောင် ဆက်လျှောက်မည်ဟု သန္နိဋ္ဌာန်ချထားကြောင်း KNPP အတွင်းရေးမှူး (၂) ပြောကြား

(၂၇၅၆) နှစ်မြောက် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ကို လွိုင်ကော်မြို့နယ် ၀ါရီကောခူကျေးရွာ ကက်သလစ်ဘုရားကျောင်းဝင်းအတွင်း မတ် ၂၈ ရက် နံနက်က ကျင်းပခဲ့ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး (၂) ခူးဦးရယ်က ငြိမ်းချမ်းရေး မရရအောင် ဆက်လျှောက်မည်ဟု သန္နိဋ္ဌာန်ချထားကြောင်း ပြောကြားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ် ၅၀ ကို တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ် ခွဲစိတ်ကုသမှုပေးမည်

မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး ကျန်းမာရေးစောင့်ရှောက်မှုအရ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင်ကလေးငယ် ၁၀၀ ဦး အနက်မှ ၅၀ ဦးကို ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ခွဲစိတ်ပေးမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာဟုန်းလျန်းက ပြောကြားသည်။

လက်ရှိအစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တရားမ၀င်ကျွန်း၊ သစ်မာနှင့် အခြားသစ်တန်ချိန် ၄၄၀၀၀ ကျော်ဖမ်းဆီးရမိ

လက်ရှိအစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တရားမ၀င်ကျွန်း၊ သစ်မာနှင့် အခြားသစ်တန်ချိန် ၄၄၀၀၀ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားမ၀င်သစ် ဖမ်းဆီးမှုအနေဖြင့် လက်ရှိအစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ကျွန်း၊ သစ်မာနှင့် အခြားသစ် ၄၄၄၀၇ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က နိုင်ငံပိုင်သတင်းစာ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ တစ်နှစ်တာဆောင်ရွက်ချက် ကဏ္ဍတွင် ပြောကြားထားသည်။