Local

ဥပဒေပြင်ဆင်သည့်အချက်နှင့် ပြင်ဆင်ရသည့်ရည်ရွယ်ချက် ကိုက်ညီမှုမရှိသောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၏ အသက်ကန့်သတ်ချက် တိုးမြှင့်ပြင်ဆင်ခြင်းကို ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်

ဥပဒေပြင်ဆင်သည့်အချက်နှင့် ပြင်ဆင်ရသည့် ရည်ရွယ်ချက် ကိုက်ညီမှုမရှိသောကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၏ အသက်ကန့်သတ်ချက် တိုးမြှင့်ပြင်ဆင်ခြင်းကို ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ကန့်ကွက်ပြောကြားသည်။

ဇူလိုင် ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ဦးဘရှိန်က ထိုသို့ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် အဖွဲ့အစည်းများအနေဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြနိုင်ကြောင်း ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ပြောကြား

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် အဖွဲ့အစည်းများအနေဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြနိုင်ကြောင်း ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက မီဒီယာများအား ဇူလိုင် ၂၀ ရက်တွင် ပြောကြားသည်။

ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြင်ဆင်ချက်များနှင့် ပြင်ဆင်ရန်အချက်များအား ဆွေးနွေးလိုသည့် အဖွဲ့အစည်းများအနေဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ဥပဒေကြမ်းကော်မတီထံ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း၊ ဥပဒေကြမ်း ကော်မတီအနေဖြင့် တိုက်ရိုက်ဖိတ်ကြားခြင်း မရှိကြောင်း ၎င်းက မီဒီယာများအား ပြောကြားသည်။

Cash Box စနစ် စတင်သည့်နေ့တွင် YBS ယာဉ်လုပ်သားများ ရွှေပြည်သာမြို့နယ်၌ ဆန္ဒထုတ်ဖော်

Cash Box စနစ် စတင်သည့် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် YBS ယာဉ်လုပ်သားများက ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ ရွှေအင်းဝဂိတ်ဟောင်းမှ ဘုရင့်နောင်လမ်းမကြီးအတိုင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ပြီးနောက် လိန်ကုန်းကျေးရွာ (အမှတ် ၄၀ ကားဝင်းအတွင်း) စုဝေးဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုဆန္ဒထုတ်ဖော်မှုကို လူအင်အား ၃၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အသီးသီးမှ ယာဉ်မောင်း ၇၀၊ ယာဉ်နောက်လိုက် ၃၀၀ တို့ ပါဝင်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။