Local

နေရပ်ပြန်ရာတွင် ခရီးသွားလာမှု အဆင်ပြေစေရန် နှစ်သစ်ကူးရုံးပိတ်ရက် နှစ်စဉ် ၁၀ ရက်ရရှိရေး ရန်ကုန်မြို့တော်ခန်းမရှေ့၌ အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို

နေရပ်သို့ပြန်ရာတွင် ခရီးသွားလာမှု အဆင်ပြေစေရန် နှစ်သစ်ကူးရုံးပိတ်ရက် နှစ်စဉ် ၁၀ ရက်ရရှိရေးအတွက် ရန်ကုန်မြို့တော်ခန်းမရှေ့၌ မတ် ၂၆ ရက် နံနက်ပိုင်းတွင် အလုပ်သမားထောင်နှင့်ချီ၍ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂ အဖွဲ့ချုပ် (CTUM) မှ ဦးဆောင်ပြီး အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ၊ ရန်ကုန်မြို့ စက်မှုဇုန်များရှိ စက်ရုံများမှ အလုပ်သမားများက  နှစ်စဉ်နှစ်သစ်ကူး သင်္ကြန်ပိတ်ရက် ၁၀ ရက် ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် ထီးကလူဒေါကျေးရွာ အရှေ့တွင် တရားမ၀င်နွားများ တင်ဆောင်လာသဖြင့် ဖမ်းဆီးစစ်ဆေး

ကယားပြည်နယ် ဖရူဆိုမြို့နယ် ထီးကလူဒေါ ကျေးရွာရှေ့တွင် မတ်၂၅ ရက် နံနက် ၁ နာရီခွဲခန့်က နွားများအား ကားဖြင့်တင်ဆောင်လာသည်ဟု သတင်းရသောကြောင့် တားမြစ်စစ်ဆေးရာ တရားမ၀င်နွားများ တင်ဆောင်လာသဖြင့် စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

ရတနာသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ခေတ္တရပ်တန့်မည်ဖြစ်၍ ရန်ကုန်တိုင်းအတွင်း ဓာတ်အားမဂ္ဂါဝပ် ၄၀ မှ ၈၀ ကြား လျော့နည်းမည်ဖြစ်သောကြောင့် အလှည့်ကျဝန်အား လျှော့ချမည်

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မတ် ၂၅ ရက်မှ ဧပြီ ၂ ရက်အထိ ရပ်တန့်မည်ဖြစ်၍ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၄၀ မှ ၈၀ ကြား လျော့နည်းမည်ဖြစ်သောကြောင့် အလှည့်ကျဝန်အား လျှော့ချမည်ဖြစ်ကြောင်း   ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မတ် ၂၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

လာမည့်မေလဆန်းပိုင်းတွင် စတင်နိုင်ရန် စီစဉ်နေသည့် Water Taxi အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုး

လာမည့် မေလဆန်းပိုင်းတွင် စတင်နိုင်ရန် စီစဉ်နေသည့် Water Taxi အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို မတ် ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။

ရန်ကုန်မြို့ရှိ မြစ်ချောင်းများတွင် ပြေးဆွဲမည့် Water Taxi လုပ်ကိုင်ခွင့်အား ‘တင့်တင့်မြန်မာ’ ကုမ္ပဏီ ရရှိခဲ့ကြောင်း သိရသည်။ Water Taxi ရွေးချယ်ခံရသည့် ကုမ္ပဏီအနေနှင့် Pilot Survey ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။       

ဝမ်ပေါင်ကုမ္ပဏီမှ ကျောက်သယ်ကားများ ပုသိမ်-မုံရွာ ကားလမ်းပေါ် မဖြတ်သန်းစေရေး ဒေသခံများ သပိတ်စခန်းဖွင့် တားဆီးတောင်းဆိုမည်

ပဋိပက္ခများ မကြာခဏဖြစ်ပေါ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတည်ရှိရာ မုံရွာ-ပုသိမ် လမ်းမပေါ်တွင် ၀မ်ပေါင်ကုမ္ပဏီမှ ကျောက်သယ်ယာဉ်များ ဖြတ်သန်းသွားလာနေမှုကို သပိတ်စခန်းဖွင့် တားဆီးသွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။