Interviews

Anti - MLM Campaign မှ ဦးဆောင်သူ ဦးဇင်ဇေလွင်နှင့် တွေ့ဆုံခြင်း

‘တချို့ MLM က လူတွေဆို တစ်လကို သိန်းသုံးရာ၊ သိန်းလေးရာကနေ သိန်းတစ်ထောင်ကျော် ၀င်တယ်ဆိုပြီး တရားဝင် ထုတ်ပြောတာတွေရှိတယ်။ အဲဒီလိုလူတွေသည် တကယ့်ကို ၀င်ငွေစာရင်း အမှန်ပြပြီး အခွန်ဆောင်ရဲ့လား’

အငြိမ်းစား တွဲဖက်ပါမောက္ခ၊ စိတ်ပညာဌာန (ရန်ကုန်အဝေးသင်တက္ကသိုလ်) မှ ဒေါ်သက်ထားဝင်းနှင့် တွေ့ဆုံခြင်း


ရုပ်ဝတ္ထုတွေ တိုးတက်လာတာနဲ့အမျှ လူငယ်အချို့ဟာ အပြန်အလှန်လေးစားမှု၊ လူမှုပေါင်းစည်းညီညွတ်မှုတွေ အားနည်းလာနေတာ၊ ပြဿနာတစ်ရပ်ကို မဆင်မခြင်ဖြေရှင်းတာတွေ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာအနေအထားပါ။ ဒါ့အပြင် လူမှုပြဿနာတွေကို ကြောက်ရွံ့ထိတ်လန့်စရာကောင်းတဲ့ နည်းတွေနဲ့ ပြင်းပြင်းထန်ထန် ဖြေရှင်းမှုတွေကို လုပ်ဆောင်နေကြတာဟာ ဒီနှစ်ပိုင်းတွေမှာ ပိုမိုပြီး ဆိုးရွားလာပါတယ်။ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ လူငယ်တွေ ပါဝင်လာမှုနဲ့ ပတ်သက်ပြီး အငြိမ်းစားတွဲဖက်ပါမောက္ခ၊ စိတ်ပညာဌာန (ရန်ကုန်အဝေးသင်တက္ကသိုလ်) မှ ဒေါ်သက်ထားဝင်းနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
 

ံHeal the World အဖွဲ့ရဲ့ Director Counsellor မသီရိနေ၀င်းနှင့် တွေ့ဆုံခြင်း


မြန်မာနိုင်ငံရဲ့ လက်ချိုးရေတွက်လို့ ရလောက်အောင် ရှားပါးလှတဲ့ Counsellor တွေထဲကမှ တစ်ယောက်ဖြစ်သူ Heal the World အဖွဲ့ရဲ့ Director တစ်ဦးလည်းဖြစ်တဲ့ မသီရိနေ၀င်းနဲ့ တွေ့ဆုံပြီး နှစ်သိမ့်၊ ဆွေးနွေး၊ အကြံပေးမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ Counsellor တစ်ယောက်ရဲ့ အခက်အခဲ၊ အတွေ့အကြုံနဲ့ ပတ်သက်တာတွေကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

“Counselling လုပ်ပေးတဲ့ ရည်ရွယ်ချက်ကိုက ကိုယ့် ကိုယ်ကိုယ် ပြန်မြင်နိုင်အောင် လုပ်ပေးဖို့ပဲ”

ံHeal the World အဖွဲ့ရဲ့ Director Counsellor မသီရိနေ၀င်းနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ ကြိမ်ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံခြင်း

လက်ရှိ ကုန်သည်စက်မှု အသင်းချုပ်မှာ ဥက္ကဋ္ဌနေရာ ရရှိရေး တိုက်ပွဲဟာ နေရာလိုချင်သူတွေ အကြားမှာ ပြင်းထန်နေပါတယ်။ ဒီလို အခြေအနေမျိုးမှာ ရွေးကောက်ပွဲဟာ ၂၀၁၃ တုန်းကလိုပဲ မတရားမှုတွေ၊ မဲမသမာမှုတွေ ဖြစ်လာဦးမှာလား။ ဒိုင်လူကြီးတွေ ဘက်လိုက်ဦးမှာလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဒီလို မေးခွန်းထုတ်စရာ အခြေအနေမှာ ၂၀၁၃ တုန်းက ကိုယ်တွေ့ကြုံခဲ့တဲ့ မဲပေးခဲ့တဲ့ လက်ရှိမှာလည်း အလုပ်အမှုဆောင်အဖြစ် ၀င်ရောက် ရွေးချယ်ခံမယ့် မြန်မာနိုင်ငံ ကြိမ်ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ တွေ့ဆုံမေးမြန်းထားမှုကို ပြည်သူများသိဖို့ ပြန်လည် ဖော်ပြလိုက်ပါတယ်။

လန်ဒန် CTC ကောလိပ်မှ နှစ်နှစ်စာ ရာနှုန်းပြည့် ပညာသင်ဆု ရရှိခဲ့သည့် မြန်မာကျောင်းသူ နော်စင်တီဆွိနှင့် တွေ့ဆုံခြင်း

'ကင်ဆာရောဂါသည်တွေ၊ စစ်ဘေးနဲ့ သဘာဝဘေးအန္တရာယ်သင့် ပြည်သူတွေ၊
ဆင်းရဲသားတွေကို ကူညီကယ်ဆယ်ပြီး ဆေးကုသပေးချင်တာပါ'