Interviews

မေပန်းချီနှင့် တွေ့ဆုံခြင်း

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပီပြင်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ပရိသတ်တွေ အသိအမှတ်ပြုတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်လာခဲ့သူ မေပန်းချီက အနုပညာလောကထဲကို ခြေလှမ်းမှန်မှန်နဲ့ ကြိုးစားလျှောက်လှမ်းခဲ့သူ တစ်ဦးလို့ဆိုရမှာပါ။ လက်ရှိမှာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ အများအပြားမှာ ပါဝင်သရုပ်ဆောင်နေရပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေမှာလည်း သူ့ရဲ့သရုပ်ဆောင်မှုကို ပရိသတ်က အသိအမှတ်ပြုခံရသူပါ။ ဒါကြောင့် မေပန်းချီရဲ့ လျှောက်လှမ်းခဲ့တဲ့ အနုပညာခြေလှမ်းတွေနဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာခြေလှမ်းတွေအကြောင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ် . . . . . .

သရုပ်ဆောင် ပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း

မြန်မာရုပ်ရှင်ဇာတ်ကားတွေကို ပရိသတ်စိတ်ဝင်စားမှု များလာတာနဲ့ မြန်မာရုပ်ရှင်ဇာတ်ကားသစ်တွေလည်း အပြိုင်အဆိုင် ရိုက်ကူးပြီး ရုံတင်ပြသဖို့ ကြိုးပမ်းလာကြပါတယ်။ ဒီလိုရွေးချယ်စရာ များပြားလာတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားသစ်တွေထဲမှာ မေလအတွင်း ရုံတင်ပြသသွားမယ့် ‘နေ၀င်အိပ်တန်းတက်’ ဇာတ်ကားလည်း ပါဝင်ပါတယ်။ မိမိရဲ့အထင်အမြင် လွဲမှားမှု အာဃာတတစ်ခုကြောင့် ဆရာဝန်ကြီးတစ်ဦးကို ဂုဏ်သိက္ခာကျစေဖို့ ရည်ရွယ်ချဉ်းကပ်တဲ့ မိန်းကလေးငယ် တစ်ဦးနဲ့ ဆရာဝန်ကြီးရဲ့ စိတ်ထားစေတနာကို သိမြင်နားလည်လာတဲ့အခါ ပြောင်းလဲသွားရတဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အာဃာတ အမုန်းတရားနဲ့ အမျိုးသားတစ်ဦးကို ချဉ်းကပ်ပြီး မိမိကို ချစ်ခင်စဲ

မြန်မာသတင်းပညာသိပ္ပံ၏ သင်တန်းညွှန်ကြားရေးမှူး ဦးစိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

လူထုအစိုးရသစ် လက်ထက်မှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရှုမြင်သူတွေလက်ထဲမှာ သတင်းလွတ်လပ်ခွင့် အဆင့်တက်လာခဲ့ပေမယ့် လက်တွေ့နယ်ပယ်မှာတော့ ပြည်သူတွေရဲ့ လွတ်လပ်စွာ သတင်းသိရှိပိုင်ခွင့်အတွက် အလုပ်လုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေဟာ သတ်ဖြတ်ခံရ၊ ရိုက်နှက်ခံရ၊ ဖမ်းဆီးခံရ၊ ခြိမ်းခြောက် တရားစွဲခံရတဲ့ဖြစ်စဉ်တွေ ဆိုးဆိုးရွားရွား ဆက်ဖြစ်နေသလို အစိုးရနဲ့တပ်မတော် သတင်းတွေရယူရာမှာလည်း ခက်ခဲမှုတွေ၊ တုန့်ပြန်ဖြေဆိုမှုမရှိတာတွေ ကြုံနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဈေးကွက်လက်ဝါးကြီးအုပ်မှု လုပ်ဆောင်နေတဲ့ အခြေအနေတွေနဲ့ အစိုးရသစ် တစ်နှစ်တာအတွင်း ပြန်ကြားရေးဝန်ကြီးဌာနက အရင်စစ်အာဏာရှင် အစိုးရတုန်းကလို ၀ါဒဖြန့်ချိရေးယန္တရားအဖြစ် လုပ်ဆော

သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းနှင့် တွေ့ဆုံခြင်း

လတ်တလော ရုံတင်ပြသနေတဲ့ အကယ်ဒမီ ဒါရိုက်တာမီးပွား ပုံဖော်ထားတဲ့ ‘ခေါက်ထီးကလေး မလုံ့တလုံ’ ဇာတ်ကားက ပရိသတ် စိတ်ဝင်စားအားပေးမှု မြင့်မားလျက် ရှိနေပါတယ်။ ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် တစ်ဦးဖြစ်တဲ့ ကိုခင်ဇော်အဖြစ် သရုပ်ဆောင်ထားသူက သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းပါ။ ဇာတ်ကားရိုက်ကူးမှုတွေ အတန်ငယ် ရပ်နားထားခဲ့ပြီးနောက် တစ်ကျော့ပြန် အနုပညာလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်လာခဲ့ရာက ‘ခေါက်ထီးကလေး မလုံ့တလုံ’ ဇာတ်ကားမှာ ကိုခင်ဇော်အဖြစ် အပီပြင်ဆုံးပုံ ဖော်ထားခဲ့တာပါ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ပရိသတ်များက သဘောကျ နှစ်သက်နေကြပြီး ဒုတိယမြောက် အနုပညာမှတ်တိုင်အဖြစ် ခန့်မှန်းအားပေးေ

“မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှုက ၁၉၇၉ ခုနှစ်ကနေပြီးတော့ တဖြည်းဖြည်း ပြောင်းနေပါပြီ” - မိုးလေ၀သပညာရှင် ဦးချစ်ကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ်မှုအပြီးတွင် မိုးလေ၀သနှင့် ပတ်သက်ပြီး ပြည်သူလူထုမှာ စိတ်ဝင်စားလာခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ရာသီဥတု အခြေအနေမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွား လာခဲ့သည်ကိုလည်း ကြုံတွေ့ရလျက်ရှိသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် အပူချိန်များ မြင့်တက်လာခြင်း၊ ရေကြီးခြင်း၊ အချိန်အခါမဟုတ် မိုးရွာခြင်းများကို ခံစားရလျက်ရှိသည်။ ရာသီဥတုဆိုးရွားမှုကို တစ်နှစ်ထက်တစ်နှစ် တိုးမြင့်ခံစားလာရသည့် မြန်မာနိုင်ငံ အနေဖြင့် ရာသီဥတုနှင့် ပတ်သက်ပြီး ပြောင်းလဲလာခြင်းများ၊ ပြောင်းလဲလာသည့် ရာသီဥတုအား တိုင်းတာခြင်း အခြေအနေများနှင့် ပတ်သက်ပြီး စာဖတ်သူများ သိရှိနိုင်ရန် မိုးလေ၀သပညာ