Interviews

“ကျောင်းသားနိုင်ငံရေးကို ပုံဖျက်ချင်တဲ့သူတွေ မကြာခင်ဘဲ ကျဆုံးမှာပါ” ဦးဝေယံအောင်နှင့် တွေ့ဆုံခြင်း

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ချီတက်ခဲ့သည့် ဧရာဝတီသပိတ်စစ်ကြောင်း၏ ဦးဆောင်ဆရာ တစ်ဦးဖြစ်ခဲ့ပြီး ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသားများကို အကြမ်းမဖက်ရေးအတွက် ထိုင်သပိတ်ဆင်နွှဲ တောင်းဆိုခဲ့မှုကြောင့် ပုသိမ်မြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်သုံးလ ချမှတ်ခြင်းခံခဲ့ရသည့် ပုသိမ်နည်းပညာကောလိပ်မှ သရုပ်ပြဆရာ တစ်ဦးဖြစ်သူ ဦးဝေယံအောင်အား ကျောင်းသားများ အကြမ်းဖက် အထိန်းသိမ်းခံထားရမှုနှင့် ထောင်တွင်း အဖြစ်အပျက်များကို တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

“အခုဟာက ဘူးလေးရာ ဖရုံဆင့်ဆိုတာမျိုး ဖြစ်နေတယ်” ဦးဝင်းမျိုးသူ (စိမ်းလန်းအမိမြေအသင်းဥက္ကဋ္ဌ) နှင့် တွေ့ဆုံခြင်း

နိုင်ငံအနှံ့အပြားမှာ ဆိုးရွားစွာဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုများကြောင့် လူဦးရေတစ်သန်းနီးပါးခန့် ထိခိုက်ခံစားခဲ့ရပြီး ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ရေကြီးရေလျှံမှုကဲ့သို့ သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းခြင်း အကြောင်းအရာများကို စိမ်းလန်းအမိမြေအသင်းက ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းမျိုးသူနှင့် တွေ့ဆုံမေးမြန်းမှုများထဲက ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

မေး- အခုရေဘေးက ရာသီဥတု ဆိုးရွားတာကြောင့်လို့ တချို့က ဆိုကြတယ်။ ဒီလိုဆိုးရွားတဲ့ ရာသီဥတုကို ဖိတ်ခေါ်သလို ဖြစ်စေတဲ့ အကြောင်းအရာတွေက ဘာတွေဖြစ်နိုင်မလဲဆရာ။

“အခု ရေကြီးမှုတွေဟာ သစ်တောများ မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်” ဦးသန်းနွယ် (သစ်တောသယံဇာတပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဥက္ကဋ္ဌ) နှင့် တွေ့ဆုံခြင်း

လက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားမှာ ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ် အခြေအနေနဲ့ပတ်သက်ပြီး သစ်တောပြုန်းတီးမှုတွေနဲ့ ဆက်စပ်နေပုံကို သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဥက္ကဋ္ဌ ဦးသန်းနွယ်နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး-လက်ရှိ မြန်မာနိုင်ငံရဲ့ သစ်တောလွှမ်းမိုးမှု အခြေအနေကို အရင်ဆုံးပြောပြပေးပါ။

သရုပ်ဆောင် ကျော်ကျော်ဗိုနှင့် တွေ့ဆုံခြင်း

ရေဘေးသင့် ပြည်သူများအတွက် အနုပညာရှင်များက အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ဖြစ်စေ ကူညီကယ်ဆယ်မှုများ ပြုလုပ်လျက်ရှိရာတွင် နှင်းဆီအဖွဲ့သားများလည်း အပါအ၀င်ဖြစ်သည်။ နှင်းဆီအဖွဲ့သားများက ရေဘေးသင့်ဒေသ အများအပြားသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ပြုလုပ်လျက် ရှိသည့်အပြင် နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်း ဖွဲ့စည်းကာ လူမှုအကျိုးပြု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အငြိမ့်ကပြရန် စီစဉ်ထားသည့် နှင်းဆီအဖွဲ့သားများအနက် သရုပ်ဆောင် ကျော်ကျော်ဗိုကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

‘မလိုချင်ဘူး စစ်’ Music Video အား ရိုက်ကူးပေးထားသူ ဒါရိုက်တာ မောင်မောင်သာမြင့်နှင့် တွေ့ဆုံခြင်း


နီနီခင်ဇော်၏ လတ်တလော ထွက်ရှိထားသည့် ‘အနီရောင်’ တေးစီးရီး အယ်လ်ဘမ်တွင် လက်ဆောင်ထည့်သွင်းပေးခဲ့သည့် ‘မလိုချင်ဘူး စစ်’ Music Video အား ရိုက်ကူးပေးထားသူ ဒါရိုက်တာ မောင်မောင်သာမြင့်မှာ ‘မျှော်လင့်ချက် တစ်စုံတစ်ရာ’ တေးသီချင်း Music Video အပါအ၀င် အောင်မြင်သည့် တေးသီချင်းများစွာအား ရိုက်ကူးပုံဖော်ထားသူဖြစ်သည်။ မှတ်တမ်းဇာတ်ကား ရိုက်ကူးသူ၊ Music Video များ ဖန်တီးသူ ဒါရိုက်တာ မောင်မောင်သာမြင့်နှင့် တွေ့ဆုံ၍ Music Video ဖန်တီးမှု အတွေ့အကြုံ အပါအ၀င် အနုပညာရေးရာ အဖြာဖြာအား မေးမြန်းဖြစ်ခဲ့ပါသည်။