Interviews

အကယ်ဒမီသက်မွန်မြင့် နှင့်တွေ့ဆုံခြင်း

၂၀၁၆ ခုနှစ်အတွင်းတွင် အနုပညာရှင်များက ကိုယ်ပိုင်အမှတ်တံဆိပ်များဖြင့် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်လာကြသည့်အပြင် စီးပွားရေးနယ်ပယ်သို့ စတင်ခြေချလာသူများလည်း များပြားလာခဲ့သည်။ ယင်းတို့အထဲတွင် ထပ်မံပါဝင်လာသူတစ်ဦးက အကယ်ဒမီ သက်မွန်မြင့်ပင်ဖြစ်သည်။ ဒုတိယရင်သွေး ကိုယ်ဝန်အား လွယ်ထားရသည့်အတွက် အနုပညာလုပ်ငန်းများ ခေတ္တရပ်နားထားစဉ် အချိန်အတွင်း Sweet Child အမည်ဖြင့် ကလေးပစ္စည်း အသုံးအဆောင်များ အရောင်းဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ချစ်လှစွာသောအမုန်း ဇာတ်ကားတွင် မေတ္တာတရားကြီးမားသူ မိန်းကလေးတစ်ဦးအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည့် အကယ်ဒမီ သက်မွန

ဘန်နီဖြိုး နှင့် တွေ့ဆုံခြင်း

ဂီတအနုပညာရပ်ဝန်းမှာ အောင်မြင်နေသလို သူ့ရဲ့ပထမဆုံး သရုပ်ဆောင်မှုဖြစ်တဲ့ Charm ဆိုတဲ့ ဇာတ်လမ်းတွဲကလည်း ပရိသတ်တွေအကြားမှာ အားပေးမှုတွေရရှိခဲ့ပါတယ်။ လတ်တလောမှာ Lucky ဆိုတဲ့ တေးအယ်လ်ဘမ်သစ် ထွက်ရှိထားပြီး သူ့ရဲ့ ဒုတိယမြောက် ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ Charm 2 ရုပ်သံဇာတ်လမ်းတွဲကိုလည်း ဒီဇင်ဘာ ၁၁ ရက်ကစပြီး mntv ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်နေပြီ ဖြစ်တာကြောင့် ဘန်နီဖြိုးနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ် . . .

Miss Universe Myanmar အလှမယ် ထက်ထက်ထွန်းနှင့် တွေ့ဆုံခြင်း

Miss Universe ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု အလှမယ်လေးများ တစ်ကျော့ပြန် ခြေချနိုင်ခဲ့သည်မှာ ယခုနှစ်တွင် လေးနှစ်တိုင်ခဲ့ပြီဖြစ်သည်။ စတုတ္ထမြောက် မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ဇန်န၀ါရီလတွင် သွားရောက်ယှဉ်ပြိုင်ရန်အတွက် အလှမယ် ထက်ထက်ထွန်းက တစ်နှစ်ကျော်ကြာ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။ Miss Universe 2016 ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ရုပ်သေးတင်ဆက်မှုကို Talent ယှဉ်ပြိုင်မှုအဖြစ် တင်ဆက်ရန် စီစဉ်ထားပြီး လက်ရှိတွင် Swim Suit ၀တ်စုံများဖြင့် အလှဓာတ်ပုံများမှာလည်း ပရိသတ်များကြားတွင် ရေပန်းစား ပျံ့နှံ့လျက်ရှိသူ အလှမယ် ထက်ထက်ထွန်းနှင့် တွေ့ဆုံ၍ ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများ၊ မျှော်လ

တေးသံရှင်ကြက်ဖနှင့် တွေ့ဆုံခြင်း

လူငယ်အနုပညာရှင် အချို့၏ အနုပညာခရီးလမ်း လျှောက်လှမ်းမှုတွင် မူးယစ်ဆေးဝါးမှာ အကြီးမားဆုံး ပြဿနာတစ်ခုအဖြစ် ခေတ်အဆက်ဆက်တွင် ကြုံတွေ့မှုများ တွေ့မြင်နိုင်ပါသည်။ လတ်တလောတွင် သရုပ်ဆောင် မိုးအောင်ရင်မှာ မူးယစ်ဆေးမှုဖြင့် တရားစွဲဆိုခံထားရပြီး သရုပ်ဆောင် ရဲတိုက်မှာလည်း ဆေးခြောက် လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးအကျဉ်းချ ခံထားရပြန်ပါသည်။ အောင်မြင်သည့် လူငယ်အနုပညာရှင်များအတွက် ဘ၀တက်လမ်းအား ပိတ်ဆို့ဖျက်ဆီးတတ်သည့် မူးယစ်ဆေးဝါး နှင့်ပတ်သက်၍ ၁၂ နှစ်ကျော်ကြာ ကိုယ်တိုင်သုံးစွဲခဲ့ပြီးနောက် လက်ရှိတွင် ယတိပြတ် စွန့်လွှတ်နိုင်ခဲ့ပြီဟု ဖွင့်ဟ၀န်ခံခဲ့သူ တစ်ဦးမှာ တေးသံရှင် ကြက်ဖပင် ဖြစ်သည်။ အောင်မြင်သည့် ဟစ်ဟော

သရုပ်ဆောင်ရွှေသမီးနှင့် တွေ့ဆုံခြင်း

အနုပညာပျိုးခင်း (၂) မှရွေးချယ်ကာ ဇာတ်ကားများရိုက်ကူးပုံဖော်ပေးနေသူ လူငယ်အနုပညာရှင် သုံးဦးတွင် သရုပ်ဆောင် ရွှေသမီးသည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ချိုသာသည့်အပြုံး၊ ထူးခြားလှပမှုတို့ဖြင့် ပရိသတ်သတိထားမိစေသူ သရုပ်ဆောင်ရွှေသမီးအား စာရေးဆရာမင်းသိင်္ခ၏ မနုစာရီဝတ္ထုတွင် မနုစာရီမင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ရန် ရွေးချယ်ထားကြောင်းကို ဒါရိုက်တာညိုမင်းလွင်က ထုတ်ဖော်ပြောကြားထားခဲ့သည်။ ဆရာမင်းသိင်္ခ စာဖတ်ပရိသတ်များ စိတ်ဝင်စားစောင့်ကြည့်ကြမည့် မနုစာရီ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန်အတွက် ရွှေသမီး၏ ပြင်ဆင်နေမှုများ၊ ယခုနှစ်အတွင်း ဖန်တီးဖြစ်ခဲ့သည့် ဇာတ်ကားများအပေါ် အားရကျေနပ်မှုရှိမရှိနှင့် ရှေ့ဆက်လုပ