International

စက်ရုပ်များထံမှ ၀င်ငွေခွန် ကောက်ခံကြရန် ဘီဂိတ် အကြံပြု

စက်ရုပ်များနှင့် အစားထိုးခြင်းကို ခံလိုက်ရသည့် လူသားများကို ပြန်လည်လေ့ကျင့်ပေးမှုများ ပြုလုပ်ပေးရန် လိုအပ်သည့် ငွေကြေးကို ရရှိရေးအတွက် စက်ရုပ်များထံမှ ၀င်ငွေခွန်ကောက်ခံရမည်ဟု မိုက်ခရိုဆော့ဖ် ကုမ္ပဏီအား ပူးတွဲတည်ထောင်သူ ဘီဂိတ်က အကြံပြုပြောကြားခဲ့သည်။ လူသားအလုပ်သမားများကဲ့သို့ မဟုတ်ဘဲ စက်ရုပ်များ ရရှိနေသည့် မမျှတသော အခွင့်အရေးများအနက် တစ်ခုမှာ အခွန်မပေးရခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၏ တစ်ဦးတည်းသော အမျိုးသမီး ဆိုက်ကားလုပ်သား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းရှိ လမ်းများပေါ်တွင် ခရီးသည်များကို လိုက်လံပို့ဆောင်ပေးနေသော အမျိုးသမီး ဆိုက်ကားအလုပ်သမား မိုဆာမက်ယာစမင်းကို  “ခရေဇီအန်တီ” ဟု အားလုံးက သိကြသည်။

“ကျွန်မသားတွေ ထမင်းစားရဖို့နဲ့ ကျောင်းကောင်းကောင်းမှာ ပညာကောင်းကောင်းသင်ရဖို့  ဒီအလုပ်ကို ကျွန်မလုပ်တာပါ” ဟု စစ်တကောင်း ကားမှတ်တိုင်တွင် ခေတ္တအနားယူနေသော ကလေးသုံးယောက်မိခင် ယာစမင်းက ပြောကြားခဲ့သည်။

အကောင်လိုက် မွေးသည့် တွားသွားသတ္တ၀ါ လည်ပင်းရှည် ဒိုင်နိုဆော တွေ့ရှိ

လွန်ခဲ့သည့် နှစ်ပေါင်း၂၄၅ သန်းက အကောင်လိုက်မွေးသည့် တွားသွားသတ္တ၀ါ လည်ပင်းရှည်ဒိုင်နိုဆာရှိကြောင်း တွေ့ရှိရပြီး ယင်းသည် ဒိုင်နိုဆော၊ ငှက်နှင့်မိကျောင်း မိသားစုဝင်များထဲ၌ ဥ မဥသည့် တစ်ခုတည်းသော မျိုးရင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်မှ Dinocephalosaurus ဒိုင်နိုဆောအမ၏ ရုပ်ကြွင်းကို စစ်ဆေးခဲ့သော ရှေးဟောင်းသုတေသန ပညာရှင်များက ဒိုင်နိုဆောအမ၏ ၀မ်းဗိုက်နေရာတွင် အရိုးများ အကြား ဒိုင်နိုဆောကလေး၏ ရုပ်ကြွင်းများကို အံ့သြဖွယ် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

အိန္ဒိယတွင် မင်္ဂလာပွဲအတွက် ငွေအလွန်အကျွံ သုံးစွဲမှုကို ကန့်သတ်ရန် လွှတ်တော်အမတ်က အဆိုပြု

ဆင်များ၊ နိုင်ငံခြား အကအဖွဲ့များနှင့် အစားအစာ ခုနစ်မယ်တည်ခင်းမှုများ ပါဝင်သည့် ခမ်းနားကြီးကျယ်သော အိန္ဒိယမင်္ဂလာပွဲများအား တားဆီးရန်အတွက် မင်္ဂလာပွဲ များတွင် ဧည့်သည်အရေအတွက်နှင့် တည်ခင်းဧည့်ခံမည့် ဟင်းပွဲများကို ကန့်သတ်မည့် ဥပဒေမူကြမ်းတစ်ခုကို အတိုက်အခံ ကွန်ဂရက်ပါတီမှ လွှတ်တော်အမတ် ဂျက်ရန်ဂျင်က အဆိုပြုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မက်သာဖက်တမင်း ဆေးပြား ခုနစ်သန်းကျော်ကို ဖမ်းမိ

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၁၈ ရက်က ရဲများသည် ရုပ်ရှင်ဆန်ဆန် ကားဖြင့် လိုက်လံဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီးနောက် မက်သာဖက်တမင်းဆေးပြား ခုနစ်သန်းကျော်ကို ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

ယင်းဖမ်းဆီးမှုသည် နာမည်ဆိုးဖြင့်ကျော်ကြားသော ရွှေတြိဂံဒေသမှ မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံထဲသို့ ဒလဟော ဆက်လက်စီးဝင်နေသည့် ဖြစ်စဉ်ကို ထင်ရှားစေခဲ့သည်။