Headline

  

UMFCCI က တည်ထောင်ထားသည့် ရွှေနိုင်ငံအရှေ့အာရှ ကုမ္ပဏီအနေဖြင့် ယခုနှစ် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ယွမ် ၁၄ ဒသမ ၅ သန်းကို တရားဝင်လွှဲပြောင်း ရယူပြီးစီးခဲ့ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပြောကြား

UMFCCI  က အသင်းဝင်များဖြင့် တည်ထောင်ထားသည် ရွှေနိုင်ငံအရှေ့အာရှ ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံဘက်တွင် ရင်းနှီးမြှုပ်နှံထားသည့် ယွမ် ၁၄ ဒသမ ၅ သန်းတန်ဖိုးရှိ အစုရှယ်ယာများကို ပြီးခဲ့သည့် အင်္ဂါနေ့က တရားဝင်လွှဲပြောင်း ရယူနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွက် လက်ရှိဆုံးဖြတ်ထားသည့် ပီအာရ်စနစ်အား ကျင့်သုံးခဲ့ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသစ်များ တောင်းဆိုလာနိုင်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့ သုံးသပ်

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွက် လက်ရှိဆုံးဖြတ်ထားသည့် ပီအာရ်စနစ်အား ကျင့်သုံးခဲ့ပါက နောက်ပိုင်း ကာလများတွင် ပါတီငယ်များ ပျောက်သွားနိုင်ပြီး အမျိုးအမည်သစ်များဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသစ်များ တောင်းဆိုမှု ဖြစ်လာနိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားသည်။

လက်ရှိတွင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွက် ပီအာရ်စနစ်အား ကျင့်သုံးရန် အမျိုးသားလွှတ်တော်၌ ဆုံးဖြတ်ခဲ့သဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်ရန်အတွက် ခုံရုံးသို့ ပေးပို့ပေးရန် ဒီဇင်ဘာ ၁ ရက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ စာရေးသား တောင်းဆိုထားသည်။

နှစ် ၆၀ အတွင်း ပထမဆုံးပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲများတွင် လာရောက်မဲပေးသူ နည်းပါး

နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်ခဲ့ရာ မဲပေးခွင့်ရှိသူ ၄ဝ၈ဝဝဝ အနက် လာရောက်မဲပေးသူဦးရေ နည်းပါးခဲ့ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီး ဆန္ဒပြ

လက်ပံတောင်းအရေးနှင့် ပတ်သက်၍ မန္တလေးမြို့တွင် နိုင်ငံရေးအင်အားစုများ၊ ရဟန်းရှင်လူများနှင့် ကျောင်းသားများ စုပေါင်း၍ ဒီဇင်ဘာ ၂၇ ရက်က တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒပြမှုကို ၇၃ လမ်းနှင့် လမ်း ၃ဝ ထောင့်မှ စတင်ခဲ့ပြီး လမ်း ၃ဝ အတိုင်း ၃၅ လမ်းအထိ၊ ထို့နောက် တရုတ်ကောင်စစ်ဝန်ရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး လက်ပံတောင်းတောင်တွင် ဒေါ်ခင်ခင်ဝင်းအသတ် ခံရမှုနှင့်ပတ်သက်၍ ဖြေရှင်းပေးရန်တောင်း ဆိုခဲ့ကြပြီး ဦးပိုင်၊ ဝမ်ပေါင်တို့ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများ ယနေ့ပြုလုပ်မည်

နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၇ ရက် (ယနေ့) ပြုလုပ် မည်ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်၊ ခရိုင်စည်ပင်သာယာရေး ကော်မတီအဆင့်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဆင့်ဟူ၍ သုံးမျိုးရွေးချယ် တင်မြှောက်မည်ဖြစ်သည်။ ခရိုင်စည်ပင်သာယာရေး ကော်မတီအဆင့်တွင် ရပ်မိရပ်ဖ (ဥက္ကဋ္ဌ)၊ အတတ်ပညာရှင်/အသိပညာရှင်၊ လူမှုရေး ပညာရှင်ဟူ၍ သုံးမျိုးခွဲထားပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဆင့်တွင်လည်း အလားတူ သုံးမျိုးခွဲခြားထားသည်။