Headline

  

ပန်းဘဲတန်းမြို့နယ် ၂၇ လမ်း အောက်ဘလောက်ရှိ နောက်ဖေးလမ်းကြားများတွင် အမှိုက်များထပ်မံ စွန့်ပစ်ထားမှုကို ရှင်းလင်းစဉ် လူနေတိုက်ခန်း အပေါ်ထပ်မှ အမှိုက်ပစ်ချသူအား မြို့နယ်စည်ပင်က တရားစွဲ

ပန်းဘဲတန်းမြို့နယ် ၂၇ လမ်း အောက်ဘလောက်တွင် အမှိုက်များ ထပ်မံစွန့်ပစ်မှုကြောင့် ပြန်လည်ရှင်းလင်းစဉ် လူနေတိုက်ခန်း အပေါ်ထပ်မှ အမှိုက်ပစ်ချသူအား မြို့နယ်စည်ပင်က မတ် ၁၄ ရက်တွင် တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

“၂၀၁၆ စက်တင်ဘာမှာ ပန်းဘဲတန်းမှာရှိတဲ့ နောက်ဖေးလမ်းကြားကို အမှိုက်တွေ ရှင်းထားတာ အကုန်ပြီးပြီ။ အမှိုက်ပြန်ပစ်တယ်။ ရှင်းနေတုန်း အပေါ်ကနေ ပစ်ချတာ။  အဲဒါကို EO ရုံးက တရားစွဲလိုက်တာ” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောကြားသည်။

မူဆယ်နှင့် ကွတ်ခိုင်ကြားရှိ နမ့်ဖတ်ကာကျေးရွာ အတွင်းသို့ လက်နက်ကိုင်များ ၀င်ရောက် ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံအချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ကြား နမ့်ဖတ်ကာ ကျေးရွာအတွင်းသို့ မတ် ၁၄ ရက် နံနက်က လက်နက်ကိုင်အဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၀င်ရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုများကြောင့် နမ့်ဖတ်ကာ ကျေးရွာအတွင်းရှိ ဒေသခံ နေအိမ်များပေါ်သို့ လက်နက်ကျည်ဆန်များ ကျရောက်ကာ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၏ အနောက်-အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး တိုက်ကြီးမြို့နယ်အတွင်းရှိ သာသနိက အဆောက်အအုံများ၊ အစိုးရရုံးနှင့် နေအိမ်အချို့ပျက်စီးခဲ့ကာ လူ ၂၀ ကျော် ထိခိုက်ဒဏ်ရ

Photo Text : ရစ်ခ်ျတာစကေး ၅ ဒသမ ၈ ပြင်းအားရှိ ငလျင်ကြောင့် တိုက်ကြီးမြို့နယ်ရှိ ဘုရားကြီးကျောင်း တိုက်ထိခိုက်ပျက်စီးခဲ့မှု (အပေါ်)၊ ငလျင်ထပ်မံ လှုပ်ခတ်မည်ကိုစိုးရိမ်၍ လမ်းမပေါ်တွင် အိပ်စက်နေသည့် တိုက်ကြီးမြို့နယ်အတွင်းမှ ဒေသခံအချို့နှင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်အချို့ကို မတ် ၁၃ ရက် ည ၁၂ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ချမ်းဝေစိုး)

 

အငြင်းပွားမှုကို လက်နက်နှင့် ဖြေရှင်းခဲ့ကြရာမှ ၀မ်းနည်းဖွယ်ရာ အဖြစ်ဆိုးမျိုး လူထုတစ်ရပ်လုံး ယူကျုံးမရ ကြုံတွေ့ခဲ့ကြရသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ...

အငြင်းပွားမှုကို လက်နက်နှင့် ဖြေရှင်းခဲ့ကြရာမှ ၀မ်းနည်းဖွယ်ရာ အဖြစ်ဆိုးမျိုး လူထုတစ်ရပ်လုံး ယူကျုံးမရ ကြုံတွေ့ခဲ့ကြရသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၂၉ နှစ်မြောက် နှစ်လည်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြထား

 

 

သင်္ကြန်ပိတ်ရက် ငါးရက်သာ သတ်မှတ်ထားပြီး ၀န်ထမ်းများ အနေဖြင့် နောက်ငါးရက်ကို ဌာနအစီအစဉ်ဖြင့် အဆင်ပြေအောင် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

သင်္ကြန်ပိတ်ရက် ငါးရက်သာ သတ်မှတ်ထားပြီး ၀န်ထမ်းများအနေဖြင့် ကျန်ရှိသည့် ငါးရက်အား ဌာနအစီအစဉ်ဖြင့် အဆင်ပြေအောင် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“ကျွန်တော်တို့ သတင်းထုတ်ပြန်ချက် ထုတ်ထားပြီးဖြစ်တယ်။ ၁၀ ရက် မသတ်မှတ်ပါဘူး။ တရားဝင်ပိတ်ရက်က ငါးရက်၊ နောက် ငါးရက်ကို နိုင်ငံ့ဝန်ထမ်းတွေ အဆင်ပြေအောင် ဌာနအစီအစဉ် အုပ်ချုပ်မှုနည်းလမ်းနဲ့ လုပ်မယ်ဆိုပြီး ပြောထားပြီးသား၊ သင်္ကြန်ပိတ်ရက်က ငါးရက်ပဲရှိတယ်။ ၁၀ရက် မသတ်မှတ်ပါဘူး။ ရုံးပိတ်ရက်ကတော့ ငါးရက်ပဲဖြစ်တယ်။ ကျန်တာကတော့ ၀န်ထမ်းတွေကိုယ့်ဘာသာ ကိုယ်လုပ်ပေးတာ ဖြစ်တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။