Headline

  

လက်ပံတောင်းတောင် ဒေသခံများနှင့် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများ ဖေဖော်ဝါရီ ၂၅ ရက်တွင် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့၊ မြန်မာ ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများ၏ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို မုံရွာမြို့ရှိတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဖေဖော်ဝါရီ ၂၅ ရက် နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကြေးနီသယ်ယူသည့် ယာဉ်များ၊ မြေသယ်ယာဉ်များအား ဒေသခံများက ဖေဖော်ဝါရီ ၂၁ ရက်က တားဆီးမှုများ ပြုလုပ်ခဲ့ကြပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများ ရရှိရေးအတွက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဗဟိုအစိုးရ ချုပ်ကိုင်မှုနည်းပြီး သက်ဆိုင်ရာဒေသခံများအတွက် အကျိုးခံစားခွင့် ပိုမိုရရှိနိုင်မည့် သဘာဝသ ယံဇာတဆိုင်ရာ မူတစ်ခုချမှတ်ရန် လိုအပ်နေဟု တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ၏ စာတမ်းတွင် ဖော်ပြ

ဗဟိုအစိုးရချုပ်ကိုင်မှုနည်းပြီး သက်ဆိုင်ရာ ဒေသခံများအတွက် အကျိုးခံစားခွင့် ပိုမိုရရှိနိုင်မည့် သဘာဝသယံဇာတဆိုင်ရာ မူတစ်ခုချမှတ်ရန် လိုအပ်နေကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က ထုတ်ပြန်သည့် တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ENAC) ၏ “မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ၀င်ငွေခွဲဝေမှုနှင့် သက်ရောက်မှု” သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးဦးပိုင်မှ အစုရှယ်ယာပါဝင်သည့် မြ၀တီဘဏ်၊ Myanmar Brewery အပါအ၀င် ကုမ္ပဏီ ၂၉ ခုအား အထူးကုမ္ပဏီများအဖြစ်မှ ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းခွင့်ပြု

မြန်မာ့စီးပွားရေးဘဏ်မှ အစုရှယ်ယာ ပါဝင်သည့် မြ၀တီဘဏ်၊ Myanamar Brewery အပါအ၀င် ကုမ္ပဏီ ၂၉ ခုအား ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေနှင့် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့ စည်းထားသော အထူးကုမ္ပဏီများအဖြစ်မှ  ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီများ အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းခွင့်ပြုလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား ၀န်ကြီးချုပ်နှင့် ၀န်ကြီးရာထူးမှ နိုင်ငံတော်သမ္မတ နုတ်ထွက်ခွင့်ပြု

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား ၀န်ကြီးချုပ်နှင့် ၀န်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဖေဖော်ဝါရီ ၂၃ ရက်တွင် အမိန့်အမှတ် (၃/၂၀၁၇) ဖြင့် ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားခဲ့သည့် တရားခံပြေး နဂါးလေးအား မင်းဘူးတွင် ဖမ်းမိ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့သော်လည်း လွတ်မြောက်သွားခဲ့သည့် မူးယစ်ဆးဝါးနှင့် လုယက်မှုများ ကျူးလွန်ထားသည့် တရားခံပြေး နဂါးလေး (ခ) အောင်နိုင်မြင့်အား မကွေးတိုင်းဒေသကြီး မင်းဘူမြို့နယ်၊ မကျီးချောင်း ၄ ရပ်ကွက်ရှိ ၎င်း၏ အဒေါ်နေအိမ်တွင် Honda Fit မော်တော်ယာဉ်နှင့်အတူ ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။